မာကာက ချီးမြှင့်တဲ့ လာလီဂါအကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိ

မာကာက ချီးမြှင့်တဲ့ လာလီဂါအကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ရရှိ
(ဓာတ်ပုံ - အီးပီအေ)

စပိန်နေ့စဉ်ထုတ် အားကစားသတင်းစာ မာကာက ချီးမြှင့်ပေးအပ်တဲ့ ၂၀၁၆-၁၇ ရာသီအတွက် လာလီဂါရဲ့ အကောင်းဆုံးဆုများကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဂိုးသွင်းဘုရင်ဆုနှင့်အတူ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း သိရှိရပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက လာလီဂါပြိုင်ပွဲမှာ ၃၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် လာလီဂါဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျနော့်အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ဒီဆုကို သူတို့နှင့်အတူ မျှဝေပေးချင်ပါတယ်။ ကျနော့်ရဲ့ အဓိက ရည်မှန်းချက်ကတော့ တစ်ဦးချင်းဆုတံဆိပ်တွေ မဟုတ်ဘဲ အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ ကျနော်တို့ လာလီဂါဖလားအတွက် စိန်ခေါ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ဆုဖလားတွေ ရယူနိုင်ခဲ့ရင် ဒီတစ်ဦးချင်ဆုတွေကလည်း ရောက်ရှိလာမှာပါ။”လို့ မက်ဆီက ပြောပါတယ်။

မက်ဆီဟာ လာလီဂါဂိုးသွင်းဘုရင်ဆုကို ၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

လာလီဂါရဲ့ အကောင်းဆုံးဂိုးသမားဆုကို အက်သလက်တီကို ဂိုးသမား အိုဘလက်ခ်က နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပြီး လာလီဂါအကောင်းဆုံးနည်းပြဆုကို အီဘာနည်းပြ မန်ဒီလီဘာနှင့် လီဟာနက်စ်နည်းပြ ဂါရီတာနိုတို့က ပူးတွဲ ရရှိခဲ့ကြပါတယ်။

ဆယ်လ်တာဗီဂို တောင်ပံကစားသမား အက်စ်ပတ်စ်က လာလီဂါမှာ သွင်းဂိုး ဂိုးဖြင့် စပိန်ကစားသမားများထဲမှ ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် မာကာက ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာကိုလည်း ပြီးခဲ့တဲ့ ရာသီက စပိန်လက်ရွေးစင်အသင်းရဲ့ တန်ဖိုးအရှိဆုံး ဘောလုံးသမားအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

အကောင်းဆုံးဒိုင်လူကြီးဆုကိုတော့ မာတီနက်ဇ် မန်နူရာက ရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required