မန်စီးတီးအသင်း ကီဗင်ဒီဘရိုင်း၊ ဖာနန်ဒင်ဟိုတို့နှင့် စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်

မန်စီးတီးအသင်း ကီဗင်ဒီဘရိုင်း၊ ဖာနန်ဒင်ဟိုတို့နှင့် စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်

မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းနှင့် ရေရှည်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် သဘောတူညီမှုရရှိရန် နီးစပ်နေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ၂၀၁၅ ခုနှစ်က ဝုတ်ဘတ်အသင်းမှ မန်းစီးတီးအသင်သို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

“ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော် ဒီကနေ ဘယ်နေရာကိုမှ ထွက်ခွာသွားဖို့ ခံစားမှု မရှိပါဘူး”လို့ ဒီဘရိုင်းက ပြောပါတယ်။

ချယ်လ်ဆီးကစားသမားဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ ထို့အတူ မန်စီးတီးအသင်းဟာလည်း လိဂ်ပွဲ ၁၆ ပွဲဆက် အနိုင်ရရှိထားပါတယ်။

စီးတီးဟာ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးကွင်းလယ်လူ ဖာနန်ဒီဟိုနှင့်လည်း စာချုပ်သစ်အတွက် သဘောတူဖို့ မျှော်လင့်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required