ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် မဇ္စျိမ သီးသန့်တွေ့ဆုံခြင်း

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် မဇ္စျိမ သီးသန့်တွေ့ဆုံခြင်း

‘တရားမဝင်သွားတဲ့ လူတွေကြတော့ ကျွန်တော်တို့ လုပ်လို့မရဘူး။ သူတို့ကြတော့ ပြန်လာပြီး မဲပေးမှရမယ်’  

(အပိုင်း ၃)

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် မဇ္ဈိမ မီဒီယာက သီးသန့် တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့သည်များမှ ကောက်နှုတ် ဖော်ပြပေးထားခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၁)

မေး - နောက်တစ်ခုက ပြည်ပမှာရောက်နေတဲ့ မြန်မာတွေပေါ့ ပြည်ပမှာ မြန်မာက လူဦးရေ သန်းနဲ့တောင် ပြောလို့ရ တာပေါ့လေ ။ ဆိုတော့နှစ်မျိုး တစ်မျိုးက တရားဝင်နေထိုင်နေ တဲ့လူတွေ သူတို့တွေက သက်ဆိုင်ရာ သံရုံးမှာ ပေးမယ်  ။ နောက်တစ်မျိုးက သူတို့နိုင်ငံမှာကို တရားမဝင် ဖြစ်နေတာတွေက သူတို့ဆိုင်ရာ သူတို့ဥပဒေတွေအရ နေနေရတဲ့ အနေထား မှာ ပထမ တမျိုးဖြစ်တဲ့မြန်မာတွေ မဲပေးဖို့ လုပ်တဲ့အခါမှာ သံရုံးတွေမှာ လုံလောက်တဲ့ ဝန်ထမ်းရှိလား အဲဒီသံရုံးတွေကရော ဘယ်ဆောင်ရွက်ထားမှုရှိသလဲ။ ဒုတိယအမျိုးစားဖြစ်တဲ့  မဲပေးခွင့်မရှိဘူး သူတို့က တရားဥပဒေမရှိဘူးဖြစ်နေတယ်။ သူတို့ရဲ့  ဆုံးရှုံးမှု ပမာဏာ အဓိက ကတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိရမှာပေါ့ ။ ဒါပေမယ့် တရားမဝင်ဖြစ်နေတဲ့ အခါကြတော့ သူတို့ရဲ့မဲပေးခွင့်ဆုံးရှုံးနေတယ်  အဲဒီမေးခွန်းနှစ်ခုနဲ့ ပတ်သက်ပြီး နဲနဲလောက်ဖြေကြားပေးပါလား။

ဖြေ - ကျွန်တော်တို့ တိုင်းပြည်ကတော်တော်လေးကိုပြောရင် လူ့အခွင့်အရေးကို တော်တော်လေးစား တဲ့တိုင်းပြည်ပါ။ ပြည်ပကိုအစိုးရ ခွင့်ပြုချက်နဲ့တရားဝင်ရောက်နေတဲ့သူတွေဟာ မဲပေးပိုင်ခွင့်ရှိ ပါတယ်။

ဥပဒေအရဘာပြောလဲဆိုင်ရင် ရွေးကောက်ပွဲကြေငြာရင် ပြည်ပရောက်နိုင်ငံသားတွေ မဲပေးနိုင်ဖို့ အတွက် ပုံစံ (၁၅)ပေးရမယ် ပုံစံ(၁၅)ကနေပေးချင်တဲ့သူတွေ ဖြည့်ပြီးတော့ မဲပေးချင်ကြောင်းတောင်းဆို ရမယ်။ တောင်းဆိုရင်ကျွန်တော်တို့ မဲလက်မှတ်တွေပေးရမယ်။ ဒါကိုကျွန်တော်တို့ အစောကြီးက ကြိုမြင်ပါတယ်။ဟိုးကတည်းက နိုင်ငံခြားဝန်ကြီးဌာနကို ညှိုထားပါတယ် ဒီလူတွေမဲပေးကြရမယ်။

နိုင်ငံခြားတရားဝင်ရောက်နေတဲ့ သူတွေကို Register လုပ်ထားပါ။ ပြီရင် ကျွန်တော်ဆီပို့ထားပါလို့မှာထားတယ်။ သူတို့ပို့ထားတဲ့စာရင်း ကျွန်တော်ဆီမှာ ရှိပါတယ်။ရှိတဲ့အခါကြတော့ရွေးကောက်ပွဲ ရက်ကြေငြာမှ ပုံစံ (၁၅)ပို့ရတာ။ဒါမျိုးကို ကျွန်တော်မဖြစ်ချင်တဲ့အတွက် ပုံစံ(၁၅)တွေကျွန်တော်ပို့လိုက်တယ်။ ပြီးရင်လည်းကျွန်တော် အွန်လိုင်းမှာတင်ထားပေးမယ်။နောက်အခါကျတော့ CD ခုတ်ပြီးတော့ CDခွေလည်း ကျွန်တော်ပေးထားပါတယ်။ သူတို့လက်ထဲမှာ ပုံစံ (၁၅)ရှိပြီးသား။

သက်ဆိုင်ရာသံရုံးတွေမှာ ရှိနေမယ် ဒါတွေက website မှာရှိနေမယ်။ထိုင်းရောက်ပါတယ်၊စင်္ကာပူရောက်ပါတယ် ၊ဒါတွေက သူတို့ရဲ့ Notice board မှာ ကပ်ထားလေ့ရှိပါတယ်။ ကျွန်တော်ဆိုလိုချင် တာက ရွေးကောက်ပွဲကြေငြာလိုရှိရင် ပုံစံ (၁၅)နဲ့ ကျွန်တော့ဆီမှာတောင်းရပါမယ်။ ဘယ်လိုလူမျိုးလဲ အစိုးရခွင့်ပြုချက်နဲ့ သွားရောက်ပြီးတော့နေထိုင်လုပ်ကိုင်တဲ့ သူတွေက တောင်းခွင့်ရှိပါ တယ်။တောင်းလာရင် သံရုံးကနေပြီတော့ နိုင်ခြားရေးဝန်ကြီးဌာန အဲဒီကမှတဆင့် ကျွန်တော်တို့ဆီ မှသက်ဆိုင်ရာမြို့နယ်၊ သက်ဆိုင်ရာမြို့နယ် ကနေပြီးမှ သက်ဆိုင်ရာနေထိုင်တဲ့ ရပ်ကွက်ကော်မရှင်ကို ဒီပုံစံ (၁၅)ပြန်ပေးလိုက်တယ်။ ပြီးရင်ဘာကြည့်လဲဆိုတဲ့အခါကြတော့ ဒီပုဂ္ဂိုလ်က မဲစာရင်းထဲမှာ ပါလား မပါလား။ ပါတယ်ဆိုရင် မဲလက်မှတ်နဲ့စာအိတ်နဲ့ ပြန်ပို့ပေးလိုက်ပါတယ်။ သို့သော်လည်းဒီမှာ မဲစားရင် ပါဖို့လိုမယ်။အဲဒီတော့ တရားမဝင်သွားတဲ့လူတွေကြတော့ ကျွန်တော်တို့ လုပ်လို့မရဘူး။ သူတို့ကြတော့ ပြန်လာပြီးမဲပေးမှရမယ်။

မေး - တပ်မတော်သားတွေမဲပေးမှု သူတို့ရဲ့ မိသားစုတွေ မဲပေးဖို့အတွက် စစ်တပ်ဝင်းအတွင်းမှာရှိတဲ့ ကျောင်းတွေမှာ စီစဉ်ထားတော့ စိုးရိမ်ကြတာပေါ့နော်။ concern ပေါ့ ။  သူတို့တွေလွတ်လွတ်လပ်လပ် မဲပေးလို့ရပါ့လား ဆိုတဲ့ဟာကြတော့ရော ရွေးကောက်ပွဲကော်မရှင်အနေနဲ့..

ဖြေ - ဒါကတော့လည်းပြောမယ်ဆိုရင် သူတို့ရဲ့ဆန္ဒအပေါ်မူတည်တာပေါ့။တွေးကြည့်မယ်ဆိုရင် စိုးရိမ်စရာပါဘဲ သံသယရှိစရာပါဘဲ။ကျွန်တော်တို့ကလည်း လူ ၃၀၀ကနေ ၃၀၀၀ဆိုရင် မဲရုံတစ်ရုံ ဖွင့်ပေးရတာဘဲ ။လူ၃၀၀၀ကျော်ရှိပြီ မဲရုံတစ်ရုံမဖွင့်ပေးဘဲနဲ့ အပြင်ထွက်လာဆိုတော့လည်း မသင့်လျှော်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒီတော့ မဲပေးတာမပေးတာ ကျွန်တော်တို့မတတ်နိုင်ဘူး၊ စိုးရိမ်မယ်ဆို စိုးရိမ်စရာရှိတယ်။ သို့သော်လည်းဘဲ ကျွန်တော်ကတော့ observer သွားမလား၊ မဲရုံကိုယ်စားလှယ်သွားမလား၊မီဒီယာသွားမလား၊လမ်းကြောင်းသတ်မှတ်ပြီးသား မသွားရနယ်မြေတော့ မသွားရဘူးပေါ့။ဒီအပေါက်က ဝင်ပါ ဒီမှာကြည့်ပါ မနက် ၆နာရီကနေ ညနေ ၄နာရီ ဒါမှမဟုတ် မဲရေတဲ့အချိန်တစ်ညလုံး စောင့်ကြည့်လို့ရပါတယ်။ဒါကိုကျွန်တော်လည်းပြောထားတယ် တပ်မတော်ကို အဲဒီလို အလာမခံချင်ဘူး အလာမခံနိုင်ဘူးဆိုရင် အပြင်မှာ မဲရုံဆောက်ပေးမယ် အပြင်မှာမဲပေးဆိုပြီးတော့ ပြောထား တယ်။
 မေး - ဒုက္ဒသည်စခန်းမှာရှိတဲ့သူတွေရော ဥပမာ နယ်စပ်မှာ မှရှိတဲ့သူတွေရဲ့ မဲပေးနိုင်ခွင့်ကိုရော။

ဖြေ - ကျွန်တော်ကလည်း ဒါကိုမဆုံးရှုံးအောင်လုပ်ထားပါတယ်။ခုနက ရှင်းဖို့ လိုသွားပါတယ် ပုံစံ ၃(က) ဆိုတာဘာဆိုတော့   floating population  ရွှေ့ပြောင်းနေတဲ့လူတွေ ရန်ကုန်မှာ အများဆုံး ရှိပါတယ်။ ဧည့်စာရင်းနဲ့နေထိုင်တဲ့သူတွေပါ။ကျွန်တော်ဆိုလို့ရင် ဟိုတုန်းကဆိုရင် အခုတော့ ရွှေ့လိုက်ပါပြီ ကျွန်တော့အဖွဲ့ဝင်အားလုံးတော့ မရွှေ့ရသေးပါဘူး ။ဟိုးတုန်းကကျွန်တော်နေတာ သုဝဏ္ဏ မှာနေတာပါ ဒါပေမယ့် ကျွန်တော်က တာဝန်ထမ်းဆောင်တာကတော့ နေပြည်တော်မှာပါ။ မဲစရင်းကတော့ သုဝဏ္ဏမှာပါတယ် ။ဒါကြောင့်လည်း နေပြည်တော်မှာရှိတဲ့ ဝန်ထမ်းတွေက အုတ်အော်သောင်း နင်းဖြစ်တာ အဲဒါဘဲ။ ဒါကြောင့်နေပြည်တော်မှာ ၃(က)တွေ အများကြီး လက်ခံရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ပင်လျှင် ၂၀၁၀မှာ  ရွှေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၂)

ကျွန်တော်ကတော့ မူရင်းနေရပ်မှာမပေးတော့ပါဘူး နေပြည်တော်မှာဘဲပေးချင်ပါတယ်ဆိုရင် ၃(က)ကို ဖြည့်ရပါတယ်။ ကော်မရှင်က ဘာလုပ်ရလည်းဆိုတော့ ၃(ခ)နဲ့ ဒီကိုလှမ်းပို့ရပါတယ်။ ဦးတင်အေး ကတော့ သုဝဏ္ဏမှာမပေးတော့ဘူး အဲဒီမှာဖျက် ဒီဖက်မှာ ထည့်လိုက်ပြီဆိုရင် မဲပေးလို့ရပါပြီ။ အဲဒီတော့ပြောရရင် IDP ပေါ့လေ နံပတ်တစ်  ကစရင်းရှိပါတယ် အဲဒီစရင်းတွေက camp တာဝန်ယူထား တဲ့သူတွေဆီက ရတာပါ။ အဲဒီစရင်းတွေကို ကျွန်တော်က မဲစရင်းပြုစုရတာပါ။မဲစရင်းပြုစုမယ်ဆိုတော့ ဟိုမြို့နယ်က လာ ဒီမြို့နယ်ကလာ ကျွန်တော်မသိနိုင်တော့ဘူး။

အဲလိုကြောင့် ဘယ်မြို့နယ်ကလာတာလို့ထွက်ဆိုနိုင်ရင် လုပ်ပေးလို့ရပါတယ်။ IDP campမှာတော့ မဲရုံနှစ်မျိုးဖြစ်သွားမှာပေါ့။ဆိုကြပါစို့ မြို့တစ်မြို့မှာ ကျန်တဲ့ မြို့နယ်ခွဲကနေပြေးလာတယ်ဆိုရင် ဒီမြို့အတွက်လည်းလုပ်ပေးရမယ် ဟိုမြို့အတွက်လည်း လုပ်ပေးရမယ်ဆိုတဲ့ဟာမျိုး နှစ်ခုဖြစ်သွားမယ်။ ဒီနည်းနဲ့ဘဲလုပ်ပေးမယ်။လူထုဆန္ဒရှိရင် သူမြို့နယ်က ကိုယ်စားလှယ်ကို သူထည့်ချင်ရင် လုပ်ပေးမယ်။camp စာရင်းပေါ်မူတည်ပြီးလုပ်ပေးမယ်။သို့တည်းမဟုတ် အားလုံးကို ဒီမှာဘဲမယ်ဆိုပြီးတော့ ပုံစံ ၃(က)နဲ့ ဒီမှာရောက်တာ ရက်ပေါင်း ၁၈၀ကျော်ပါပြီ ကျွန်တော်ဒီမှာဘဲ မဲထည့်တော့မယ် ဆိုပြီးတော့ အဲဒီမြို့နယ်ရဲ့ ကိုယ်စားလှယ်ကိုဘဲ ဝိုင်းမဲထည်ကြပေါ့ ။အဲဒါဆိုရင်လည်းကျွန်တော်တို့လုပ်ပေးပါတယ်။ဟိုဘက်ဟာကိုဘဲ ထည့်ချင်သပဆိုရင်လည်း ပြန်စီစဉ်ပေးပါမယ်။ မြစ်ကြီးနားမှာဆိုရင် ဒီဘက်ကပြေးလာတဲ့ဟာတွေရှိတာပေါ့ အဲဒီပြေးလာတဲ့ သူတွေက သူမြို့ရဲ့ ကိုယ်စားလှယ်ကို ထည့်ချင်တယ်ဆိုရင်ဒီ campမှာ ခွဲလိုက်ပါ ။ဒါမှမဟုတ်ဘူးဆိုလည်း မြစ်ကြီးနားမှာ ရွေးခံမယ့် ကိုယ်စားလှယ်ကို ဝိုင်းထည့်လိုက်ပါလို့ ပြောချင်ပါတယ်။
 မေး -  IDP (internally displaced person) ပဋိပက္ခကြောင့် နေရာတွေရွှေ့ပြီးနေရာတဲ့ လူတွေအကြောင်းပြောတဲ့ အခါမှာ ရွေးကောက်ပွဲမကျင်းပ မယ်လို့ပြောတဲ့နေရာတွေ ကကြေငြာထားပြီးသား  အဲဒီဟာက အပြောင်းအလဲထပ်ရှိနိုင်သလား လတ်တလော ရေဘေးအန္တရာယ်ဒုက္ခ ကြုံနေရတယ်ဆိုတော့  ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေ ထပ်ပြီးတော့ အပြောင်းလဲရှိနိုင်သေးလား ။

ဖြေ - ဒါလည်းဘဲ ကျွန်တော်ဘက်ကတော့ ပြောသမျှ ပါတီတွေနဲ့ csoတွေနဲ့လည်း ဒါဘဲပြောတာပါ။ဒီတော့ ဥပဒေအနေနဲ့ ကျွန်တော်နဲနဲပြောချင်ပါတယ်။ ဥပဒေကတော့ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပုဒ်မ-၃၉၉(ဂ)မှာပါပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း နယ်မြေအခြေအနေအရ လည်းကောင်း လွတ်လပ်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး ဆိုရင်ရွှေ့ဆိုင်းနိုင်ကြောင်း ပြဌာန်း ထားပါတယ်။အဲဒါကြောင့် ကျွန်တော်က မဲဆန္ဒနယ်သတ်မှတ်ထားတာ မြန်မာပြည်မှာရှိတဲ့ ၃၃၀လုံးသတ်မှတ်ထားတယ်။ ဘယ်ဒေသမှ ကျွန်တော် ရွေးကောက်ပွဲမကျင်းနိုင်ဘူးလို့ မခံယူဘူး။

ရွေးကောက်ပွဲနေရာတိုင်း မြို့နယ်တိုင်း ဒေသတိုင်းကျင်းပပေးမယ်ဆိုတော့ ၃၃၀လုံး ကျွန်တော်ကျင်းပနိုင်အောင် ကြိုးစားနေတယ်။ မကျင်းပနိုင်ဘူးဆိုရင် ရွေးကောက်ပွဲနီးကာနီး နှစ်ပတ်တန်သည် သုံးပတ်တန်သည် ၂၀၁၀ မှာလည်း ကြေငြာချက်ထွက်ပါတယ်။ ဘယ်ဒေသကတော့ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက်ကြောင့် ရွှေ့ဆိုင်းလိုက်သည်လို့ကြေငြာပါတယ်။

ဝ ဒေသက မြို့နယ်လေမြို့နယ် မှာ မကျင်းပနိုင်ပါဘူး။ ဒီလိုထွက်သလိုဘဲ နီးလာရင်ထွက်ပေးပါ့မယ်။ အဲဒါကတော့ မြို့နယ်အလိုက်မကျင်းပနိုင်တဲ့ အတွက်ကြောင့် ပြောရရင်တော့ ၂၀၁၀ ကိုပြန်လေ့လာ ကြည့်ရင် ၃၃၀မှာ ၃၂၅မြို့နယ်ဘဲ ကျင်းပနိုင်တယ်။ လေးမြို့နယ် ကျန်တဲ့ တစ်မြို့နယ်က ဘာလည်းဆိုတော့ မိုင်းလား ဖြစ်နေတယ်။ မိုင်လားက ကျွန်တော်တို့ ရွေးကာက်ပွဲကျင်းပပေးပါမယ်လို့ပြောတဲ့ အချိန်မှာ ကိုယ်စားလှယ် လာတင်တဲ့ လူမရှိတဲ့ အတွက် မိုင်းလားလည်းမကျင်းပနိုင်ပါဘူး။ အခုအခါလည်း အဲဒီအတိုင်းပါဘဲ ကျွန်တော်ကတော့ မဲဆန္ဒနယ် သတ်မှတ်ထားတာ ၃၃၀လုံးထုတ်ထားတယ်။

အဲဒီအပေါ်ကိုယ်စားလှယ်လောင်း တင်မယ်၊ ရွေးကောက်ပွဲကျင်းပပေးမယ် ဒါပါဘဲ။ အဲဒီတော့ မြို့နယ်အလိုက်မကျင်းပနိုင်ဘူးဆိုရင် အဲဒီကျမှ မြို့နယ်အလိုက် ပယ်ဖျက်ပေးပါမယ်။ ဟိုတုန်းကတော့လေး မြို့နယ် ကိုယ်စားလှယ်လောင်းမရှိတဲ့ တစ်မြိုနယ် ၃၂၅ မြို့နယ်ဘဲ ကျင်းပနိုင်တယ်။ ဒီနှစ်မှာ ဘယ်လောက်ဖြစ်မလဲဆိုတာနီးလာရင် ကျွန်တော်တို့ ကြည့်ရမယ်။သို့သော်လည်း မြို့နယ် တစ်မြို့နယ်ထဲ မှာ ပြန်ရှိပြန်တယ်။ရပ်ရွာနဲ့ကျေးရွာအုပ်စုက တစ်ရာရှိ တယ်ဆိုရင် တစ်ရာမှာ နှစ်ဆယ်က သောင်းကျန်းသူအောက် နယ်မြေအခြေနေအရ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုရင် အဲဒီနှစ်ဆယ်ကို ကောက်နုတ်ပြီး ပယ်ဖျက်လိုက်တယ်။ ကျန်တဲ့ ရှစ်ဆယ်ကို ကျင်းပပြီးတော့ ကိုယ်စားလှယ်ရွေးပေးလိုက်ပါတယ်။ ကျွန်တော့ဘက်ကတော့ ရွေးကောက်ပွဲကျင်းပတဲ့ ရက်နီးလာရင် ကြေငြာချက်ထုတ်ပါမယ်။

ဆက်လက် ဖော်ပြပါမည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၃)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly