မန်ယူကဲ့သို့ အောင်မြင်မှုများစွာရယူနိုင်ရန် နည်းပြဂွါဒီယိုလာကို မန်စီးတီးသက်တမ်းတိုးမည်

မန်ယူကဲ့သို့ အောင်မြင်မှုများစွာရယူနိုင်ရန် နည်းပြဂွါဒီယိုလာကို မန်စီးတီးသက်တမ်းတိုးမည်

ဒီဇင်ဘာ ၁၈၊ အင်္ဂလန် ။             ။ မန်စီးတီးအသင်းသည် မြို့ခံပြိုင်ဘက်မန်ယူကဲ့သို့ အောင်မြင်မှုများစွာရယူနိုင်ရန် လက်ရှိနည်းပြဂွါဒီယိုလာကို သက်တမ်းတိုးမည် ဖြစ်သည်။

ဂွါဒီယိုလာသည် မန်စီးတီးနှင့်သုံးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး လက်ရှိစာချုပ်သက်တမ်းမှာ လာမည့်ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးက လာမည့်နွေရာသီတွင် စာချုပ်သစ်ကိစ္စအတွက် ဂွါဒီယိုလာနှင့်ဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

လက်ရှိတွင် နည်းပြဂွါဒီယိုလာ၏မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်တွင် ၁၆ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး ဒုတိယနေရာမှ မန်ယူကို ၁၁ မှတ်ဖြတ်ထားသည်။ ရာသီဝက်ချန်ပီယံဖြစ်သွားပြီဖြစ်သလို မန်စီးတီးသာချန်ပီယံဖြစ်လိမ့်မည်ဟု သုံးသပ်ချက်များ ရှိလာပြီ ဖြစ်သည်။

ဂွါဒီယိုလာသည် ပထမဆုံးရာသီတွင် အောင်မြင်မှုမရခဲ့သော်လည်း မန်စီးတီးအသင်းပိုင်ရှင်များက ၎င်းကို ယုံကြည်စွာဖြင့် အသင်းကို ဆက်လက်တည်ဆောက်ခွင့်ပြုကာ အကောင်းဆုံးပံ့ပိုးပေးခဲ့သည်။ ထို့ကြောင့်လက်ရှိတွင် မန်စီးတီးအသင်းမှာ ဂွါဒီယိုလာလိုချင်သည့်ပုံစံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မန်စီးတီးအသင်းက ဂွါဒီယိုလာကို ကာလရှည်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း စပိန်နည်းပြမှာ ဘာစီလိုနာတွင် လေးနှစ်၊ ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်သာနည်းပြပြီး အသင်းပြောင်းခဲ့သူ ဖြစ်သည်။ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly