၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်း ၈၁၃ တွဲ ရောင်းချနိုင်

၂ဝ၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်း ၈၁၃ တွဲ ရောင်းချနိုင်
(ဓာတ်ပုံ - အီးပီအေ)

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဆဋ္ဌမနေ့အဖြစ် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဆက်လက်ကျင်းပခဲ့ပြီး ကျောက်စိမ်းအတွဲ ၈၁၃ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

ယင်းနေ့တွင် အခြေခံစျေး ယူရိုငွေ ၄ဝဝဝ နှင့် ၁ဝဝဝ အထက် တန်ဖိုး သတ်မှတ်ထားတဲ့ ကျောက်စိမ်းတွဲ ၂၃ဝဝ အနက်မှ စုစုပေါင်း ၈၁၃ တွဲအား ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များထံ ရောင်းချပေးနိုင်ခဲ့ပါတယ်။

အဆိုပါကျောက်စိမ်းအတွဲ ၈၁၃ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး ယူရိုငွေ ၅ဝ ဒသမ ဝ၁၉ သန်းခန့်ရှိကြောင်း သိရပါတယ်။

ဒါ့ကြောင့် ဒီဇင်ဘာ ၁၈ ရက်အထိ ကျောက်မျက် (၃၂)တွဲမှ ရောင်းရငွေယူရိုငွေ ဝ ဒသမ ရ၆၆ သန်း၊ ကျောက်စိမ်း ၁၈၁၂ တွဲမှ ယူရိုငွေ ၈၇ ဒသမ ၈ဝ၆ သန်းဖြစ်ကြောင်း သိရပါတယ်။

ပြပွဲဆဋ္ဌမနေ့သို့ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် စုစုပေါင်းဦးရေ ၄၄၁၆ ဦး တက်ရောက်ခဲ့ကြပြီး ကျောက်မျက်၊ အချောထည်ကျောက်စိမ်း အတွဲများအား စိတ်ကြိုက် ကြည့်ရှုလေ့လာကြပါတယ်။

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ အခြေခံစျေး ယူရိုငွေ ၄ဝဝဝ နှင့်အထက် တန်ဖိုး သတ်မှတ် ထားတဲ့ ကျောက်စိမ်းအတွဲနှင့် အခြေခံစျေး ယူရိုငွေ ၁ဝဝဝ နှင့် အထက် တန်ဖိုးသတ်မှတ်ထားတဲ့ ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၆၈၅ တွဲကို ခင်းကျင်းပြသထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါတယ်။

Ref; Myanmaalinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly