မြန်မာ ယူ-၂၁ အသင်း ယိုကိုဟားမားအသင်းနှင့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမည်

မြန်မာ ယူ-၂၁ အသင်း ယိုကိုဟားမားအသင်းနှင့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမည်
(ဓာတ်ပုံ - MFF)

 

ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၂၁ အသင်းဟာ ဒီဇင်ဘာ ၁၈ ရက်၊ မြန်မာစံတော်ချိန် ညနေ (၃း၃၀) နာရီအချိန်မှာ ယိုကိုဟားမားအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါပွဲစဉ်အတွက်  မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းဟာ ဒီဇင်ဘာလ (၁၇) ရက် ညနေ (၄းဝဝ) နာရီအချိန်မှာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာ ယူ-၂၁ အသင်းဟာ ပွဲစဉ် (၃) ပွဲယှဉ်ပြိုင်အပြီးမှာ ဗီယက်နမ် ယူ-၁၉ အသင်းကို တစ်ဂိုးစီ သရေ၊ ထိုင်း ယူ-၂၁ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗီယက်နမ် ယူ-၂၁ အသင်းကိုတော့ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားကာ ရမှတ် (၄) မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေရှိပါတယ်။

ဒါ့ကြောင့် မြန်မာ ယူ-၂၁ အသင်းဟာ ဗိုလ်လုပွဲတက်ရောက်ရန် ယိုကိုဟားမားနှင့်ပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required