ဘရာဇီး၊ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် နာမည်ကျော်ကစားသမားဟောင်း ကာကာ ဘောလုံးသမားဘဝမှ အနားယူ

ဘရာဇီး၊ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် နာမည်ကျော်ကစားသမားဟောင်း ကာကာ ဘောလုံးသမားဘဝမှ အနားယူ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးအသင်းနှင့်အတူ ၂၀၀၂ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သူ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း ကာကာဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားသမားဘဝကို စတင်ခဲ့သူ အသက် ၃၅ နှစ်ရှိ ကာကာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းနှင့် လမ်းခွဲခဲ့ပါတယ်။

ကာကာက သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ “အဖဘုရား၊ ကျနော် ထင်ထားတာထက်ကို ပိုများတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော် အခု နောက်ခရီးစဉ်တစ်ခုအတွက် အသင့်ဖြစ်နေပါပြီ။ ယေရှုနာမဖြင့် အာမင်”ဟု တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။

ကာကာဟာ ဘရာဇီးအသင်းအတွက် ၉၂ ပွဲကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ နိုင်ငံအသင်းနှင့် ကမ္ဘာ့ဖလားကိုင်မြောက်နိုင်ခဲ့လို ၂၀၀၇ ခုနှစ်မှာ အေစီမီလန်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး Ballon d'Or ဆုကိုပါ ရရှိခဲ့ပါတယ်။ အဆိုပါနှစ်ထဲမှာပဲ သူဟာ ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင် ကာကာဟာ ကွန်ဖဒီရေးရှင်းဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ချန်ပီယံဖလားကိုလည်း ရရှိခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags