နာပိုလီအတွက် မာရာဒိုနာ၏ ဂိုးသွင်းစံချိန်ကို ဟမ်ဆစ်လိုက်မီ

နာပိုလီအတွက် မာရာဒိုနာ၏ ဂိုးသွင်းစံချိန်ကို ဟမ်ဆစ်လိုက်မီ

ဒီဇင်ဘာ ၁၇၊ အီတလီ ။              ။ နာပိုလီအသင်းက တိုရီနိုအသင်းကို အနိုင်ရသည့်ပွဲတွင် ဟမ်ဆစ်သည် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သောကြောင့် မာရာဒိုနာ၏ နာပိုလီအသင်းအတွက် ဂိုးသွင်းစံချိန်ကို လိုက်မီသွားပြီ ဖြစ်သည်

ထိုပွဲစဉ်တွင် နာပိုလီအသင်းသည် ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဟမ်ဆစ်က တတိယမြောက်သွင်းဂိုးကို ပွဲချိန်မိနစ် ၃၀ တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဟမ်ဆစ်၏နာပိုလီအတွက် စုစုပေါင်းသွင်းဂိုးမှာ ၁၁၅ ဂိုးအထိရှိလာပြီ ဖြစ်သည်။

အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာသည် ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နာပိုလီတွင်ကစားခဲ့ပြီး ၁၁၅ ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲစဉ်ပေါင်း ၂၅၉ ပွဲတွင် ၁၁၅ ဂိုးသွင်းခဲ့ခြင်းလည်း ဖြစ်သည်။

ဟမ်ဆစ်မှာမူ ၂၀၀၇ ခုနှစ်ကစတင်ပြီး နာပိုလီအတွက်ကစားခဲ့ကာ ၁၀ နှစ်အကြာတွင် နာပိုလီ၏အသင်းသမိုင်းတစ်လျှောက် မာရာဒိုနာနှင့်အတူ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာရခြင်း ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required