ဖီဖာကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ချန်ပီယံ ရီးယဲလ်မက်ဒရစ်

ဖီဖာကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ချန်ပီယံ ရီးယဲလ်မက်ဒရစ်
(ဓာတ်ပုံ - ရီးယဲလ်မက်ဒရစ်)

ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် တောင်အမေရိကချန်ပီယံ ဂရီမီယိုအသင်းတို့ ဒီဇင်ဘာလ ၁၆ ရက်၊ စနေနေ့က အဘူဒါဘီမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးယဲလ်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ရီးယဲလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို စီရော်နယ်လ်ဒိုက ဖရီးကစ်မှ တစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးယဲလ်တို့ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီး နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၁၇ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ဦးချင်း ဆုတံဆိပ်များ
လူကာမိုဒရစ် (adidas Golden Ball and the Alibaba Cloud Trophy)

စီရော်နယ်လ်ဒို (adidas Silver Ball)
Jonathan Urretaviscaya, ပါချူကာ (adidas Bronze Ball)
ရီးယဲလ်မက်ဒရစ် (FIFA Fair Play Award)

စိတ်ဝင်စားစရာ အချက်အလက်အချို့

- ရီးယဲလ်အသင်းက ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခဲ့ပြီး ပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံစံချိန်ကို လိုက်မီခဲ့ပါတယ်။

- ဖီဖာကလပ်ချန်ပီယံပြိုင်ပွဲမှာ နောက်ဆုံး ၄ နှစ်ဆက် ချန်ပီယံဖြစ်ခဲတဲ့ အသင်းတွေက လာလီဂါမှဖြစ်ပါတယ်။
၂၀၁၄ - ရီးယဲလ်မက်ဒရစ်
၂၀၁၅ - ဘာစီလိုနာ
၂၀၁၆ - ရီးယဲလ်မက်ဒရစ်
၂၀၁၇ - ရီးယဲလ်မက်ဒရစ်

- ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘောလုံးပြက္ခဒိန်တစ်ရာသီအတွင်းမှာ ဖလား ၅ လုံး ဆွတ်ခူးရရှိနိုင်ခဲ့ပြီး ဒါဟာ အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ 

  1. La Liga
  2. Champions League
  3. UEFA Super Cup
  4. Spanish Super Cup
  5. FIFA Club World Cup 2017

- ဇီဒန်းဟာ နည်းပြသက်တမ်း ၂ နှစ်ကျော် အချိန်တိုကာလအတွင်း စုစုပေါင်း ဆုဖလား ၈ လုံး ထိ ရရှိခဲ့ပါတယ်။ 

  1. Champions League 2016
  2. UEFA Super Cup 2016
  3. FIFA Club World Cup 2016
  4. LaLiga 2017
  5. Champions League 2017
  6. UEFA Super Cup 2017
  7. Spanish Super Cup 2017
  8. FIFA Club World Cup 2017

- ဖီဖာကလပ်ကမ္ဘာ့ဖလားကို အကြိမ်အများဆုံး ဆွတ်ခူးနိုင်ခဲတဲ့ ကစားသမားနှစ်ဦးကတော့ တိုနီခရူနှင့် စီရော်နယ်လ်ဒို (၄) ကြိမ်စီဖြစ်ပါတယ်။

- စီရော်နယ်လ်ဒိုဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရ ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required