ဒေါ်လာ ၁ ဘီလီယံထိ အကုန်အကျခံ တည်ဆောက်ထားတဲ့ အမေရိကန်သံရုံး မကြာမီ ဖွင့်လှစ်တော့မည်

ဒေါ်လာ ၁ ဘီလီယံထိ အကုန်အကျခံ တည်ဆောက်ထားတဲ့ အမေရိကန်သံရုံး မကြာမီ ဖွင့်လှစ်တော့မည်

 

ဒီဇင်ဘာ ၁၆ ။                              ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်ဆောင်နေလျက်ရှိတဲ့ အမေရိကန် သံရုံးသစ် တည်ဆောက်ရေးလုပ်ငန်းတွေကတော့ ယခုဆိုရင် အပြီးသတ်လုနီးပါး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သိမ်းမြစ် တောင်ဘက်မှာ တည်ရှိတဲ့ ယင်း ဗြိတိန်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးသစ်ကို ဖွင့်လှစ်နိုင်ဖို့ နောက်ထပ် တစ်လလောက်သာ လိုတော့တာဖြစ်ပါတယ်။ ယင်းသံရုံးကို လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

ယင်း အမေရိကန် သံရုံးသစ် ဖွင့်ပွဲအခမ်းအနားကိုတော့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးနိုင်တယ်လို့ မီဒီယာတစ်ချို့မှာ ရေးသားဖော်ပြနေကြပါတယ်။

အထပ်ပေါင်း ၁၂ ထပ်ရှိ သံရုံး အဆောက်အအုံကြီးဟာဆိုရင် တည်ဆောက်ရေး ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံ ထိ ရှိတယ်လို့လည်း သိရပါတယ်။ ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်တဲ့  Kieran Timberlake က ဒီဇိုင်းရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

ယင်းအတွက် ကမ္ဘာတစ်ဝှမ်း တည်ဆောက်ထားပြီးသမျှ အမေရိကန် သံရုံးတွေထဲမှာ တည်ဆောက်စရိတ်စက အများဆုံး သံရုံးလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly