နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ အီရန်က ဟူသီသူပုန်များကို ဒုံးကျည်ပံ့ပိုးနေသည့် သက်သေအခိုင်အမာ အမေရိကန် ချပြ

နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ အီရန်က ဟူသီသူပုန်များကို ဒုံးကျည်ပံ့ပိုးနေသည့် သက်သေအခိုင်အမာ အမေရိကန် ချပြ

ဝါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၁၅ ။        ။ အီရန်နိုင်ငံသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ယီမင်ရှိ ဟူသီသူပုန်များအား ဒုံးကျည်များ ဖြည့်ဆည်းပေးနေသည့် ငြင်းမရနိုင်သော သက်သေအခိုင်အမာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုလသမဂ္ဂဆိုင်ရာ သံတမန်က ချပြလာသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမျိုးသမီး သံအမတ်ဖြစ်သည့် နစ်ကီဟေလီက မကြာသေးမီက လျှို့ဝှက်အဆင့်မှ လျှော့ချလိုက်သော သက်သေအထောက်အထားများကို ဒီဇင်ဘာ ၁၄ ရက်တွင် ချပြလာခြင်း ဖြစ်သည်။

အဆိုပါ သက်သေအထောက်အထားများတွင် ယီမင်ရှိ ဟူသီထိန်းချုပ်ရာ နယ်မြေမှ ဆော်ဒီအာရေဗျသို့ ပစ်လွှတ်သည့် ဒုံးကျည်အစိတ်အပိုင်းများ ပါဝင်သည်။

အဆိုပါ ဒုံးကျည် အစိတ်အပိုင်းများက ပြသနေသည်မှာ အီရန်တွင် ထုတ်လုပ်သည့် ရင်းမြစ်ဖြစ်ပြီး အီရန်က လက်နက်များနှင့် နည်းပညာ အသေးစိတ်တူညီကြောင်း ဟေလီက ဆိုသည်။

ယခု သက်သေအထောက်အထားများသည် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် နျူကလီးယားသဘောတူညီမှုကြောင့် အီရန်ကို ရှုမြင်ချက် ပြောင်းလာပေမယ့် အီရန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဗြောင်ကျကျ ချိုးဖောက်မှုကို ပြသနေကြောင်း ၎င်းက ပြောသည်။

အမေရိကန်အနေဖြင့် အီရန်၏ အပြုအမူအတွက် အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required