စာရေးဆရာမ ကြည်အေး ၏ “ မီ ” ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူး

စာရေးဆရာမ ကြည်အေး ၏ “ မီ ” ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။          ။ စာရေးဆရာမ ကြည်အေး ၏ နာမည်ကျော် ၀တ္ထုတစ်ပုဒ် ဖြစ်သည့် “ မီ ” ၀တ္ထုကို ဒါရိုက်တာ ဏကြီး က ရုပ်ရှင် ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်း ရိုက်ကူးပုံဖော်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ရက်မှ စတင် ရိုက်ကူး သွားမည် ဖြစ်သည်။

“ မီ ” ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူး ပုံဖော်မည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ ၊ My Garden Restaurant တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင်များနှင့် စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရန် သရုပ်ဆောင် ပိုင်ဖြိုးသု ၏ ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်သည့် Victoria ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးခြင်း ဖြစ်ပြီး ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူး ပုံဖာ်ခြင်း ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း နှင့် ဒါရိုက်တာဏကြီး မှ ရိုက်ကူးမည် ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် သရုပ်ဆောင် နေတိုး ၊ သားညီ ၊ ရဲအောင် ၊ မင်းဦး ၊ အောင်ရဲထိုက် ၊ ပိုင်ဖြိုးသု နှင့် အတူ တခြား အနုပညာရှင် များစွာ ပါ၀င်ကြမည် ဖြစ်သည်။

ဒါရိုက်တာ ဏကြီး က “ဒါကို စရိုက်မယ် ဆိုကတည်းက တာဝန်အရမ်းကြီးပါတယ်။ ကျွန်တော့ဘက်ကတော့ အကောင်းဆုံး ပြင်ဆင်ထားတယ်။ အဝတ်အစားတွေ လိုကေးရှင်းတွေကအစ သေချာစီစဉ်ထားတယ်။ ကျွန်တော့်ကို ကျွန်တော် ယုံတယ် စာရေးဆရာမ ကြည်အေး ရဲ့ “ မီ ” ကို အတတ်နိုင်ဆုံး အတူဆုံး ဖြစ်အောင် ရိုက်ကူးဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

“ မီ ” ၀တ္ထု သည် စစ်ပြီးကာလခေတ်ကို အခြေခံထားသည့် ၀တ္ထုဖြစ်သည့်အတွက် ဇာတ်ကားအတွက် လိုအပ် သည့် အဝတ်အစားများကိုလည်း Victoria ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ထားပြီး Hair & Make up အတွက်ကို တော့ မိတ်ကပ် မေဦး (Magic) team မှ တာဝန်ယူ လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly