မန်းရွှေစက်တော် တဲကျောင်းလုပ်ငန်းများကို မကွေးတိုင်းအတွင်း နေသူများသာ လျှောက်ထားနိုင်မည်

မန်းရွှေစက်တော် တဲကျောင်းလုပ်ငန်းများကို မကွေးတိုင်းအတွင်း နေသူများသာ လျှောက်ထားနိုင်မည်

မင်းဘူး၊ ဒီဇင်ဘာ ၁၅ ။           ။ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား တဲကျောင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများသာ လျှောက်ထားနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

တဲကျောင်းလုပ်ငန်း လျှောက်ထားသူများကို မဲစံနစ်နှင့် ချထားပေးမည်ဖြစ်ကြောင်း၊ လျှောက်လွှာတင် ရမည့်ရက်မှာ ဒီဇင်ဘာ ၁၉ရက်နေ့ စတင်ကာ လျှောက်လွှာပိတ်မည့်ရက် ဒီဇင်ဘာ ၂၇ရက်နေ့ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်ကပြောသည်။

“ တဲကျောင်းတွေကို ဒီဇင်ဘာ ၃၀ရက်နေ့ နံနက် ၁၀ နာရီအချိန် ရွှေစက်တော်ဘုရား သုံးထပ်ဗိမာန်မှာ မဲဖောက်ပေးမှာပါ၊ လျှောက်လွှာ တစ်စောင်ကို ၂သိန်း၊လျှောက်လွှာနှင့်အတူ Deposit ငွေ သိန်း ၄၀ သွင်း ရမယ်၊ မဲမပေါက်လျှင် ပြန်အမ်းမယ်၊ မဲပေါက်လျှင် သိန်း၄၀ မှ သိန်း၂၀ကိုဘုရားပွဲတော် ပြီးသည် အထိ Deposit ငွေအဖြစ် ချန်ထားပြီး ကျန်သိန်း၂၀ကို မဲပေါက်တဲ့ တဲကျောင်း တန်ဖိုးအလိုက် လိုငွေထပ်ဖြည့်သွင်း ရမယ်” ဟု ဦးသိန်းလွင်က ပြောသည်။

တဲကျောင်း လုပ်ကိုင်ခွင့်ရသူများသည် တဲကျောင်းကို သတ်မှတ် ပေးထားသည့် ပုံစံနှင့်အညီ မိမိအစီအစဉ်နှင့် မိမိ တည်ဆောက်ရမည်၊ ပွဲတော်ပြီးလျှင် တဲကျောင်းစည်ကမ်း လိုက်နာ၍ အပြစ်မရှိလျှင် သိန်း၂၀ ပြန်ထုတ်ပေး မည်ဖြစ်ပြီး အပြစ်ရှိလျှင် ဒဏ်ကြေးငွေ နုတ်၍ကျန်ငွေပြန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ တဲကျောင်းတစ်ခန်း ငှားခစျေးနှုန်း ရေစပ် ၃၀၀၀၀ကျပ်၊ ကုန်းတွင်း၊၂၀၀၀၀ ကျပ် သတ်မှတ်ပေးထားတယ်၊ ပိုတောင်းတဲ့တဲကျောင်းတွေ၊ဥပမာ တဲကျောင်အတွင်း အရက်သေစာအပါအဝင် သတ်မှတ်ထားတဲ့ တဲကျောင်အပြင် အပိုဆောက်တာတွေ၊သတ်မှတ်ထားတဲ့ လုပ်ကိုင်ခွင့်ထက် ပိုလုပ်တာတွေကို စစ်ဆေးလို့ တွေရှိလာရင် တင်ထားတဲ့ သိန်း၂၀ထဲက သတ်မှတ်ထားတဲ့ စည်ကမ်းအတိုင်း ဖြတ်မှာပါဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလွင်က မဇ္ဈိမသို့ ပြောသည်။

မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား ပွဲတော်ကာလတဲကျောင်းလုပ်ငန်း အခန်း ၁၀၊ အခန်း၁၁ခန်းပါ ကုန်းတဲ၊ရေစပ်တဲ၊ရင်ခွဲတဲအမျိုးအစား အပါအဝင် တဲကျောင်းအလုံးရေ ၁၃၁လုံးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required