BTS အဖွဲ့မှ RM နှင့်အတူဖန်တီးထားသော သီချင်းသစ်တစ်ပုဒ် ထွက်ရှိမည့်အချိန်ကို Fall Out Boy အတည်ပြု

BTS အဖွဲ့မှ RM နှင့်အတူဖန်တီးထားသော သီချင်းသစ်တစ်ပုဒ် ထွက်ရှိမည့်အချိန်ကို Fall Out Boy အတည်ပြု

နာမည်ကျော်အမေရိကန်ရော့ခ်ဂီတအဖွဲ့ Fall Out Boy က တောင်ကိုးရီးယားအမျိုးသား ပေါ့ပ်ဂီတအဖွဲ့ BTS မှ အဖွဲ့ဝင်အဆိုတော် Rap Monster (RM) ပါ၀င်သီဆိုထားသည့် ၄င်းတို့အဖွဲ့၏သီချင်းဖြစ်သော Champion ကို ဒီဇင်ဘာလ ၁၅ ရက် သောကြာနေ့ညလယ်ခေါင်တွင် တရားဝင်ဖြန့်ချီမည်ဟု အတည်ပြုခဲ့သည်။

BTS အဖွဲ့၏ RM နှင့် Fall Out Boy တို့ သီချင်းတစ်ပုဒ်ကို Remix လုပ်၍ ပူးတွဲသီဆိုထားသည်ဆိုသော သတင်းများထွက်ပေါ်လာချိန်တွင် သူတို့၏ပရိသတ်များက စိတ်လှုပ်ရှားဝမ်းသာနေခဲ့ကြပြီး တွစ်တာပေါ်၌လည်း ထိုသတင်းမှာ ရေပန်းစားနေခဲ့သည်။

လာမည့် ၂၀၁၈ ခုနှစ်တွင် ထွက်ရှိမည့် သူတို့၏အယ်လ်ဘမ်ထဲ၌ ပါ၀င်မည်ဖြစ်သော Champion ဆိုသည့် သီချင်းကို Fall Out Boy အဖွဲ့က လွန်ခဲ့သော ဇွန်လက စတင်ဖြန့်ချီခဲ့ဖူးပြီး ယခုအခါတွင် RM ပါ၀င်သီဆိုထား သည့် အဆိုပါသီချင်း၏ Remix ကို ကမ္ဘာတစ်ဝန်းတွင် သောကြာနေ့ညလယ်ခေါင်၌ စတင်ဖြန့်ချီမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ အချိန်ဇုန်ကွာခြားမှုကြောင့် အချို့သောဒေသများမှ ပရိသတ်များသည် အဆိုပါသီချင်းကို ယခုအခါတွင် Spotify နှင့် iTunes တို့ကဲ့သို့သော အွန်လိုင်းဂီတစတိုးများ၌ ၀ယ်ယူ၍နားဆင်နိုင်ကြပြီဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required