Goblin ဇာတ်ကားပြီးနောက် နောက်ထပ်ဇာတ်ကားများ မရိုက်ဖြစ်သည့်အကြောင်းရင်းကို ဂေါင်ယူး ရှင်းလင်း

Goblin ဇာတ်ကားပြီးနောက် နောက်ထပ်ဇာတ်ကားများ မရိုက်ဖြစ်သည့်အကြောင်းရင်းကို ဂေါင်ယူး ရှင်းလင်း

တောင်ကိုရီးယားမင်းသား ဂေါင်ယူးသည် ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်သော ELLE အတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အင်တာဗျူးတစ်ခုပြုလုပ်ခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်၌ပြုလုပ်ခဲ့သော ဓာတ်ပုံရိုက်ကူးမှုအပြီးတွင် အင်တာဗျူးလုပ်ခဲ့သည့် ဂေါင်ယူးက tvN မှ ထုတ်လွှင့်ပြသသော Goblin ဒရာမာဇာတ်လမ်းတွဲနှင့်အတူ   ပြီးခဲ့သောနှစ်က အောင်မြင်မှုများရရှိခဲ့ပြီးနောက် တွင် ဇာတ်ကားများထပ်မံ မရိုက်ဖြစ်တော့သည့်အကြောင်းရင်းကို ဖြေကြားခဲ့သည်။

သူက “ခင်ဗျားတို့အနေနဲ့ အချိန်အတော်ကြာအောင် အလုပ်တွေနဲ့ ဖိစီးမှုတွေများပြီးနောက် အားလုံးပြီးဆုံးသွား တဲ့အခါ ခြေပစ်လက်ပစ်ဖြစ်သွားတဲ့ အခိုက်အတန့်ကို ကြံုဖူးကြမှာပါ။ စိတ်ရောရုပ်ပါ ပင်ပန်းလှပါတယ်။ အဲ့လို မျိုးပင်ပန်းမှုတွေကို တစ်ပြိုင်နက်တည်း ကျနော်ကြံုတွေ့ခဲ့ပါတယ်။ အလုပ်တွေအားလုံးပြီးသွားတဲ့အခါမှာတော့ ကျနော့်ရဲ့ ပုံမှန်နေ့စဉ်ဘဝကို ပြန်ရောက်သွားပြီး ကျနော့်ကိုယ်ကျနော် အချိန်ပြန်ပေးဖြစ်ပါတယ်” ဟု ဖြေကြား ခဲ့သည်။

ဆက်လက်ပြီး ဂေါင်ယူးက “ကျနော်ဒီနှစ်အတွင်းမှာ ရုပ်ရှင်တွေရိုက်ကူးချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ဘက် က အဆင်သင့်ဖြစ်တဲ့အချိန်ကျတော့ ရိုက်ကူးရေးပရောဂျက်တွေ လက်ထဲရောက်မလာခဲ့ပါဘူး” ဟု ရှင်းလင်း ပြောဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းတွင်ပြုလုပ်ခဲ့သော သူ၏ပရိသတ်များနှင့်တွေ့ဆုံပွဲ၌ ဂေါင်ယူးက သူသည် ရုပ်ရှင်ပရောဂျက် အသစ်တစ်ခုကို ရိုက်ကူးရန် စီစဉ်လျက်ရှိနေကြောင်း ပြောကြားခဲ့ပြီး ဒရာမာဇာတ်လမ်းတွဲများနှင့်အတူ အလုပ်ဖိစီးနေခဲ့သောကြောင့် အနားယူနေခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ဖူးသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required