စပါးနှင့်ချယ်လ်ဆီးအသင်းတို့မှာ ဘောလုံးကစားလိုသည့်အသင်းများဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာဆို

စပါးနှင့်ချယ်လ်ဆီးအသင်းတို့မှာ ဘောလုံးကစားလိုသည့်အသင်းများဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာဆို

ဒီဇင်ဘာ ၁၅၊ အင်္ဂလန် ။            ။ မန်စီးတီးနည်းပြဂွါဒီယိုလာက စပါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ ဘောလုံးကစားလိုသည့် အသင်းများဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ယခုတစ်ပတ်တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ထိုပွဲတွင် အနိုင်ရခဲ့ပါက စပါးအသင်းနှင့် ၂၁ မှတ်အထိကွာဟသွားမည် ဖြစ်သည်။

“စပါးနဲ့ချယ်လ်ဆီးအသင်းတို့က ဘောလုံးကစားလိုတဲ့ အကောင်းဆုံးအသင်းတွေလို့ ထင်ပါတယ်။ သူတို့ဟာ ပြိုင်ဘက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုပေးပြီး မကစားလိုကြပါဘူး။ ပွဲတစ်ပွဲကို သူတို့က စိုးမိုးပြီး သူတို့ရဲ့ပွဲဖြစ်အောင် ကစားချင်ကြပါတယ်။

သုံးရက်ခြားတစ်ပွဲကစားနေရတဲ့နောက် စပါးနဲ့ပွဲက ကျွန်တော်တို့အတွက် အံ့အားသင့်စရာကောင်းတဲ့ နောက်ထပ်စမ်းသပ်မှု တစ်ခုပါပဲ။ စပါးနဲ့ပွဲပြီးရင် လက်စတာနဲ့ ကာရာဘောင်ဖလားပွဲ ကစားရပါဦးမယ်။ အဲ့ဒီပွဲအတွက် ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန် မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ထိန်းနိုင်တယ်ဆိုတာ အရင်ပွဲတွေမှာလည်း ပြသခဲ့ပြီးပါပြီ” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းလိုလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags