၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၂)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၂)

၁၅။ ဆီးရီးယားနိုင်ငံ ဒမစကက်မြို့ရဲ့ အရှေ့ဘက် အစွန်းပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒိုမာမြို့မှာ ၂၀၁၇ ဖေဖော်ဝါရီ ၂၅ ရက်က အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီး ဒဏ်ရာရသွားတဲ့ ကလေးငယ်တစ်ဦးကို ဆီးရီးယားလူငယ်တစ်ဦးက သယ်လာစဉ်။ ဆီးရီးယား အစိုးရတပ်ဖွဲ့အနေနဲ့ နိုင်ငံတွင်းက ဧရိယာအများအပြားမှာ စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့်တော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒိုမာမြို့ကို အထူးပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ယင်းအချိန်က ကျင်းပနေခဲ့တဲ့ ဂျီနီဗာ ဆွေးနွေးပွဲကာလအတွင်း တိုက်ခိုက်မှုတွေ ရပ်ထားဖို့ ဆီးရီးယားကို ယင်းရဲ့မဟာမိတ် မော်စကိုက တောင်းဆိုပေးထားတယ်လို့ ကုလသမဂ္ဂက အတည်ပြုထုတ်ပြန်ထားခဲ့ပေမယ့်လည်း တိုက်ခိုက်မှုတွေကတော့ ဆက်ဖြစ်နေခဲ့ပါတယ်။ (ဓာတ်ပုံ -  Sameer Al-Doumy/AFP)

၁၆။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများ HBUCs မှ ခေါင်းဆောင်တွေ ၂၀၁၇ ဖေဖော်ဝါရီ ၂၇ ရက်က အိမ်ဖြူတော် ဘဲဥပုံခန်းမတွင်း အုပ်စုလိုက် ဓာတ်ပုံ မရိုက်ခင် သီးခြား ဓာတ်ပုံ အရိုက်ခံနေတဲ့ သမ္မတ အကြံပေး Kellyanne Conway ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Brendan Smialowski/AFP)

၁၇။ ၂၀၁၇ မတ်လ ၃ ရက်က ဒမက်စကက်မြို့စွန့် ဂိုတာဒေသ အရှေ့ခြမ်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ အာဘင်မြို့က ပျက်ဆီးနေတဲ့ အဆောက်အအုံတစ်ခု အမိုးပေါ်မှာ အပင်တွေကို ရေလောင်းနေတဲ့ ဆီးရီးယားအမျိုးသားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ -  AMER ALMOHIBANY/AFP)

၁၈။ ၂၀၁၇ မတ်လ ရ ရက်က မြို့တော် ဒမက်စကက်မြို့ စွန် ဂိုတာဒေသ အရှေ့ခြမ်း သူပုန်တွေလက်အောက်ရောက်နေတဲ့ ဘိတ်နိမ် မြို့မှာ လက်ဖြစ် အရုပ်ကားတစ်စီးကို မောင်းနှင်နေတဲ့ ဆီးရီးယားအမျိုးသားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AMER ALMOHIBANY/AFP)

၁၉။ ၂၀၁၇ မတ်လ ၈ ရက်က အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းတိုက်ခိုက်နေတဲ့ အီရတ်တပ်ဖွဲ့တွေ မိုလ်ဆူးမြို့တွင်းကို ချီတက်လာကြချိန် အရပ်သားတွေ ပြေးကြလွှားကြရင်းနဲ့ မြေကြီးပေါ်မှာ လဲကျနေတဲ့ အီရတ်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ အမေရိကန် ဦးဆောင်တဲ့ လေကြောင်းထိုးစစ် အကူအညီနဲ့အတူ အီရတ်တပ်ဖွဲ့တွေအနေနဲ့ အိုင်အက်စ်အုပ်စုလက်ထဲကနေ အီရတ်ရဲ့ ဒုတိယမြောက် မြို့ ပြန်သိမ်းရေး စစ်ပွဲမှာ တစ်ဖြည်းဖြည်းချင်း အသာရလာခဲ့ပါတယ်။ အရေးပါတဲ့ ဧရိယာနှစ်ခု စစ်သွေးကြွတွေလက်ထဲက ပြန်သိမ်းလိုက်နိုင်ကြောင်း ယင်းအချိန်က ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာပေါင်းများစွာသော အရပ်သားတွေကတော့ မြို့ဟောင်းမှာ ပိတ်ပင်နေဆဲလို့ ယူဆရပြီး ယင်းမြို့မှာတော့ Abu Bakr al-Baghdadi က ၂၀၁၄ ဇူလိုင်လမှာ ကာလီဖိတ်နိုင်ငံ ထူထောင်ကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - ARIS MESSINIS/AFP)

၂၀။ အလက်ပိုမြို့ရဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့ အယ်လ်ရှားအရပ်က ပျက်စီးယိုယွင်းနေတဲ့ နေအိမ် အိပ်ခန်းတစ်ခုအတွင်းမှာ ဆေးတံသောက်ရင်း တေးသီချင်းနားထောင်နေတဲ့ အသက် ရ၀ အရွယ် မိုဟာမက် မိုဟိုင်ဒင် အေနင်စ် (သို့) အဘူ အိုမာကို တွေ့ရစဉ်။ (ဓာတ်ပုံ - JOSEPH EID/AFP)

၂၁။ ၂၀၁၇ မတ်လ ၁၀ ရက်က မိုလ်ဆူးမြို့ အနောက်ပိုင်းမှာ ဂျီဟက်တစ်ဦးရဲ့ အလောင်းပေါ်ကနေ ကျော်ဖြတ်မောင်းနှင်လာတဲ့ Humvee စစ်ကားတစ်စီးကို တွေ့ရစဉ်။ ယင်းအချိန်က အီရတ်တပ်ဖွဲ့တွေဟာ အိုင်အက်စ် ဂျီဟက်တွေလက်ထဲကနေ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေချိန်လည်း ဖြစ်ပါတယ်။ (ဓာတ်ပုံ - ARIS MESSINIS/AFP)

၂၂။ ၂၀၁၇ မတ်လ ၁၂ ရက်က မိုလ်ဆူးမြို့ နက်ဘလက်စ် အရပ်မှာ အိုင်အက်စ် အုပ်စုရဲ့ လိုဂို ပါတဲ့ ဘုတ်ပြားတစ်ခု ရှေ့မှာ ထိုင်နေတဲ့ အီရတ်ကလေးငယ်တွေကိုတွေ့ရစဉ်။ ယင်းအချိန်က အီရတ်တပ်ဖွဲ့တွေဟာ အိုင်အက်စ် ဂျီဟက်တွေလက်ထဲကနေ မြို့ရဲ့ အနောက်ခြမ်းတွေကို ပြန်သိမ်းဖို့ တိုက်ပွဲ ဆင်နွဲနေချိန်လည်း ဖြစ်ပါတယ်။ (ဓာတ်ပုံ - ARIS MESSINIS/AFP)

၂၃။ ဒီပုံကိုတော့ ၂၀၁၇ မတ်လ ရ ရက်က ရိုက်ကူးခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပစ်သတ်ခံလိုက်ရတဲ့ သံသယရှိ မူးယစ်ရာဇာတစ်ဦးဖြစ်တဲ့ ဗေလီယန် မန်ဒိုဇာရဲ့ ရုပ်အလောင်းကို မြင်တွေ့ရတာဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်စစ်ပွဲနဲ့ပတ်သက်လို့ သတင်းဖော်ပြချက်တွေကို လျော့ချဖော်ပြဖို့ အစိုးရက သတင်းမီဒီယာတွေကို မတ်လ ၂၂ ရက်မှာ တောင်းဆိုပြောကြားခဲ့ပါတယ်။ (ဓာတ်ပုံ - NOEL CELIS/AFP)

၂၄။ ၂၀၁၇ မတ်လ ၂၃ ရက်က ထရပ်ကားတစ်စီးရဲ့ ယာဉ်မောင်းနေရာမှာ ထိုင်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် ဖြစ်ပါတယ်။ ယင်းအချိန်က ထရပ်ကားလုပ်ငန်းရှင်တွေနဲ့ စီအီးအိုတွေကို အိမ်ဖြူတော်မှာ ထရမ့်က လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - JIM WATSON/AFP)

၂၅။ ၂၀၁၇ မတ်လ ၂၇ ရက်က ၀ါရှင်တန်ဒီစီ အိမ်ဖြူတော်မှာ အမျိုးသမီး အသေးစားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှုတစ်ခုမှာ  တက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - JIM WATSON/AFP)

၂၆။ ၂၀၁၇ ဧပြီ ၃ ရက်က ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒီပုံထဲမှာတော့ မိုလ်ဆူးမြို့ အနောက်ပိုင်း နေရာတစ်ခုမှာ စုပုံထားတဲ့ ကားပျက်အပုံပေါ်ကနေ အမျိုးသားတစ်ယောက်ဖြတ်လျှောက်နေစဉ် ဖြစ်ပါတယ်။ (ဓာတ်ပုံ - AHMAD GHARABLI/AFP)

၂၇။ နီပေါ သစ်တောနဲ့ နည်းပညာအဖွဲ့ကို ကြံ့တစ်ကောင်က တစ်ဟုန်ထိုး တိုက်ခိုက်ဖို့ ပြေးလာစဉ် ဖြစ်ပါတယ်။ ၂၀၁၇ ဧပြီ ၄ ရက်က ခတ်မန္ဒူမြို့ကနေ ကီလိုမီတာ ၅၁၀ အကွာ ရှုကလာဖန်တာ အမျိုးသားဥယျာဉ်မှာ ပြန်လည်နေရာချထားရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြံ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ နိုင်ငံမှာ ဦးချိုတစ်ချောင်းပါ ရှားပါးကြံ့တွေကို ဧပြီ ၃ ရက်က ဖမ်းဆီးခဲ့ကြပါတယ်။ မျိုးတုန်း ပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ တိရိစ္ဆာန်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ စုစုပေါင်း ကြံ့ငါးကောင် အထီးတစ်ကောင် အမလေးကောင်တို့ကို ကောင်ရေ ပွားစေဖို့ ရည်ရွယ်ပြီး နီပေါနိုင်ငံအနောက်ဘက်စွန်းက အမျိုးသား ဥယျာဉ်တစ်ခုထဲ လွတ်ပေးသွားမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - PRAKASH MATHEMA/AFP)

၂၈။ ၂၀၁၇ ဧပြီ ၁၅ ရက်က ပြံုယမ်းမြို့မှာ ပြုလုပ်တဲ့ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းရဲ့ ၁၀၅ နှစ်ပြည့်မွေးနေ့ စစ်ချီတက်အခမ်းအနားတစ်ခုမှာ တက်ရောက်လာတဲ့ မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ED JONES/AFP)

၂၉။ ၂၀၁၇ ဧပြီ ၂၁ ရက်က မိုလ်ဆူးမြို့အနောက်ပိုင်း ရှေ့တန်းစစ်မြေတစ်နေရာမှာ Humvee ယာဉ်ပေါ် ထိန်းသိမ်းခံထားရတဲ့ သံသယရှိ အမျိုးသားနှစ်ဦးကို တွေ့ရစဉ်။ ယင်းအချိန်က အီရတ်တပ်ဖွဲ့တွေဟာ အိုင်အက်စ် ဂျီဟက်တွေလက်ထဲကနေ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေချိန်လည်း ဖြစ်ပါတယ်။ (ဓာတ်ပုံ - CHRISTOPHE SIMON/AFP)

၃၀။ ၂၀၁၇ ဧပြီ ၂၂ ရက်က ပြင်သစ် သမ္မတ ရွေးကောက်ခံကိုယ်စားလှယ် Emmanuel Macron နဲ့ ဇနီး Brigitte Trogneux တို့ နိုင်ငံမြောက်ပိုင်း Le Touoquet မှာ ဓာတ်ပုံအရိုက်ခံနေစဉ် ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေအတွင်း ခန့်မှန်းရအခက်ဆုံး ပြင်သစ်ရွေးကောက်ပွဲတွေကိုတော့ လုံခြံုရေးတင်းကျပ်မှုအောက်တွေမှာ ကျင်းပခဲ့ရပါတယ်။ (ဓာတ်ပုံ - Eric FEFERBERG/AFP)

အေအက်ဖ်ပီမှ ရွေးချယ်ထားတဲ့ ၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အပိုင်းလိုက်ခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၁)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၃)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၄)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required