ဂျိမ်းစ်ကော်ဒန်၏ရုပ်သံအစီအစဉ်၌ အစီအစဉ်မှူးအဖြစ် အစားထိုးဆောင်ရွက်ပေးခဲ့သည့် ဟယ်ရီစတိုင်းလ်

ဂျိမ်းစ်ကော်ဒန်၏ရုပ်သံအစီအစဉ်၌ အစီအစဉ်မှူးအဖြစ် အစားထိုးဆောင်ရွက်ပေးခဲ့သည့် ဟယ်ရီစတိုင်းလ်

ဂျိမ်းစ်ကော်ဒန်၏ နာမည်ကျော်ရုပ်သံအစီအစဉ်ဖြစ်သော Late Late Show ၏ ထုတ်လွှင့်မှုမစတင်မီ နာရီပိုင်း အလိုတွင် ဂျိမ်းစ်ကော်ဒန်၏ဇနီးက သမီးလေးတစ်ဦးဖွားမြင်ခဲ့သည်ဆိုသည့်အတွက် ဂျိမ်းစ်အစား ဟယ်ရီစတိုင်းလ်က အစားဝင်၍ အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

One Direction အဖွဲ့နှင့်အတူ နာမည်ကျော်ကြားလာသည့် အဆိုတော်ဟယ်ရီစတိုင်းလ်က ဂျိမ်းစ်ကော်ဒန်၏ ဇနီးဖြစ်သူသည် သမီးလေးတစ်ဦး ဖွားမြင်ခဲ့သည့်အတွက် ဂျိမ်းက မအားလပ်သောကြောင့် သူကအစားဝင်၍ တင်ဆက်ပေးခြင်းဖြစ်ကြောင်း ပရိသတ်များအား ပြောခဲ့သည်။

ဟယ်ရီက သူသည် Late Late Show အစီအစဉ် မစတင်မီတွင် ဆေးရုံသို့ရောက်ရှိခဲ့ကြောင်းနှင့် ဂျိမ်း၏ကလေး ကို တွေ့မြင်ခဲ့ရကြောင်း ပြောခဲ့သည်။

“ကလေးမလေးက ဂျိမ်းစ်နဲ့ ချွတ်စွပ်ကိုတူပါတယ်။ ဘာလို့လဲဆိုတော့ ဂျိမ်းစ်ကိုယ်တိုင်ကလည်း ကလေးကြီး ပုံစံပဲလေ” ဟု ဟယ်ရီက နောက်ပြောင်ခဲ့သည်။ ဒါ့အပြင် ရုပ်သံထုတ်လုပ်သူများသည် သူ၏တင်ဆက်ပုံကို ကြိုက်နှစ်သက်ခြင်းမရှိပါက အစီအစဉ်မှူးအဖြစ် သူ့ဘက်မှတာဝန်ယူဆောင်ရွက်ခြင်းသည် ယခုတစ်ကြိမ်တည်း နှင့် ဆုံးခန်းတိုင်သွားနိုင်ကြောင်း အရွှန်းဖောက်ခဲ့သည်။

မက်စ်ဟုခေါ်သော သားငယ်တစ်ဦးနှင့် ကာရေးဟုခေါ်သော သမီးလေးတစ်ဦး ရှိထားပြီးဖြစ်သည့် ဂျိမ်းစ်တို့ ဇနီးမောင်နှံ၏ မိသားစုထဲသို့ နောက်ထပ်သမီးလေးတစ်ဦး ၀င်ရောက်လာခဲ့ပြီဖြစ်သည်။

သမီးလေးဖွားမြင်ခဲ့သည်ဆိုသောသတင်းကို ဂျိမ်းစ်က သူ၏တွစ်တာမှတဆင့်ကြေညာခဲ့ပြီး သူ၏အစီအစဉ်တွင် အစားထိုးတာဝန်ယူပေးခဲ့သည့် ဟယ်ရီ့ကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့သည်။

Ref: BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required