ခွင်​့မပြုဓါတုဆိုး​ဆေးကင်​းစင်​​ ​ဈေးချို​တော်​​ ပေါ်ထွန်​း​ရေး လူထုပညာ​ပေးလှုပ်​ရှားမှု ဆောင်ရွက်

ခွင်​့မပြုဓါတုဆိုး​ဆေးကင်​းစင်​​ ​ဈေးချို​တော်​​ ပေါ်ထွန်​း​ရေး လူထုပညာ​ပေးလှုပ်​ရှားမှု ဆောင်ရွက်

 

ခွင်​့မပြုဓါတုဆိုး​ဆေးကင်​းစင်​​သော​ဈေးချို​တော်​​ပေါ်ထွန်​း​ရေးလူထုပညာ​ ပေးလှုပ်​ရှားမှု" "Non-Permitted Dyes Free Market(Zaycho Market) Public Awareness Campaign" ကို ဒီဇင်ဘာလ ၁၃ရက်​​နေ့ နံနက် ၈နာရီက မန​္တ​လေး​ဈေးချိုတော်တွင် ပြုလုပ်ခဲ့သည်​။

ရှေးဦးစွာ စျေးချိုတော် စျေးဌာနခွဲမှူးရုံးတွင် မန္တလေးမြို့တော်စည်​ပင်​သာယာ​ရေး​ကော်​မတီ​၊ ဈေးနှင်​့သားသတ်​ဌာန၊ ဌာနမှူး ဦးခင်​​အောင်​က အဖွင်​့အမှာစကား​ပြောကြားပြီး မန္တ​လေးတိုင်​း​ဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူး​ဦး​မြင်​့​ဇော်​ဦးက အမှာစကား​ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်မှစတင်​က ရက်​၁၀၀စီမံချက်​ဖြင်​့ အစားအသောက်စျေးကွက်နမူနာ​ကောက်​ယူစစ်​​ဆေးထားရှိမှုများ၊ လာမည်​့ ၂၀၁၈ နှစ်​ဦးပိုင်​းတွင်​ ခွင့်​့မပြု ဆိုး​ဆေးကင်​းစင်​​သောဆိုင်​များအား အသိအမှတ်​ပြုကတ်​ပြား ​ပေးအပ်​နိုင်​ရန်​ ​ဆောင်ရွက်နေမှုများနှင့် ခွင့်မပြုဓါတုဆိုး​ဆေးကင်​းစင်​​သော​ဈေးချို​တော်​​ပေါ်ထွန်​း​ရေး လုပ်​ငန်​း​ဆောင်​ရွက်​ထားရှိမှုအ​ခြေအ​နေများကို အစားအ​သောက်​နှင်​့​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာန(FDA)မန္တ​လေးမှ ဒုတိယညွှန်​ကြား​ရေးမှူး​ ဒေါက်​တာ​ကျော်​​ကျော်က ရှင်​းလင်​းတင်​ပြခဲ့သည်​။

ထို့​နောက်​ ဌာနဆိုင်​ရာများမှ ကိုယ်​စားလှယ်​များဖြင့် အဖွဲ့ ၆ဖွဲ့ခွဲ၍ မန​္တ​လေး​ဈေးချို​တော်​ ဧရိယာအတွင်း အသိပညာ​ပေးလက်​ကမ်​းစာစောင်​များ ​ဝေငှခြင်​း၊ အသိအမှတ်​ပြုကတ်​ပြား​ပေးမည့်​့အစီအစဉ်​များကို ရှင်​းလင်း​ပြောကြားခြင်​းများကို ဆောင်ရွက်ခဲ့ကြသည်။

ခွင်​့မပြုဓါတုဆိုး​ဆေးကင်​းစင်​​သော​ဈေးချို​တော်​​ပေါ်ထွန်​း​ရေးလူထုပညာ​ ပေးလှုပ်​ရှားမှု ကိုမန္တ​လေးတိုင်​း​ဒေသကြီး အစားအ​သောက်​နှင်​့​ဆေးဝါးကြီးကြပ်​ကွပ်​​ရေး​ကော်​မတီ၊ အစားအ​သောက်​နှင်​့​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာန(FDA)၊ မန္တ​လေးမြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်​းဒေသကြီးကြက်​​ခြေနီအဖွဲ့၊ မန္တ​လေးတိုင်​း​ဒေသကြီး အမျိုးသမီးရေးရာကော်မတီတို့ ပူး​ပေါင်​းပြုလုပ်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly