နန်ကျင်းလူသတ်ပွဲ နှစ် ၈၀ ပြည့် တရုတ်နိုင်ငံ ပြုလုပ်

နန်ကျင်းလူသတ်ပွဲ နှစ် ၈၀ ပြည့် တရုတ်နိုင်ငံ ပြုလုပ်

 

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ။              ။ တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်၌ နန်ကျင်းလူသတ်ပွဲ နှစ် ၈၀ ပြည့်ကို အခမ်းအနားကျင်းပရာ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်သည်။

တရုတ် နန်ကျင်းမြို့သည် ၁၉၃၇ ဒီဇင်ဘာ ၁၃ ရက်က ဂျပန်တပ်များ၏ လက်အောက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဂျပန်လက်အောက် ကျရောက်ကာလအတွင်း စစ်တွင်းအကျဉ်းသားများ၊ စစ်သားများနှင့် အရပ်သားများကို ဂျပန်က အစုအပြံုလိုက် သတ်ဖြတ်ခြင်းများ ရှိခဲ့သည်။

ယင်း လူသတ်ပွဲဲတွင် လူ သုံးသိန်းနီးပါး အသတ်ခံခဲ့ရသည်ဟု တရုတ်ဖက်က အခိုင်အမာ ဆိုထားသော်လည်း ဂျပန်ကမူ ယင်းအရေအတွက်သည် အမှန်နှုန်းထားထက် များလွန်းကြောင်း ပြောထားသည်။

တရုတ်နိုင်ငံအတွက် အဆိုပါ နန်ကျင်းလူသတ်ပွဲက မမေ့နိုင်စရာ သမိုင်းဖြစ်ရပ်အဖြစ် ရှိနေခဲ့ခြင်းပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required