အတိုက်အခံပါတီကြီး ဖြိုခွဲခံရ၍ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ကို အီးယူက အကူအညီပေးမှု ရပ်ဆိုင်း

အတိုက်အခံပါတီကြီး ဖြိုခွဲခံရ၍ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ကို အီးယူက အကူအညီပေးမှု ရပ်ဆိုင်း

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၂ ။      ။ ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ အဓိကအတိုက်အခံပါတီကြီး ဖြိုခွဲခံသဖြင့် အီးယူက ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးမှုများ ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ရပ်ဆိုင်းကြောင်း ကြေညာသည်။

ပြီးခဲ့သည့်လက ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ CNRP အား တရားရုံးချုပ်က မတရားအသင်း ကြေညာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလကတည်းက ဖမ်းဆီးထားသော CNRP ပါတီခေါင်းဆောင် ကမ်ဆိုခါ အပါအဝင် ပါတီဝင် တစ်ရာဝန်းကျင်ကိုလည်း စည်းကမ်းချက်နှင့် မညီညွတ်သူများအဖြစ် တရားရုံးချုပ်က သတ်မှတ်ကြေညာ၍လည်း ထားသည်။

ယခု အီးယူ၏ အကူအညီ ရပ်ဆိုင်းမှု စာအား ကမ္ဘောဒီးယားဆိုင်ရာ အီးယူသံအမတ်ကြီး ဂျော့အက်ဂါက ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဆစ်ဘန်းနှင့်တကွ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးများထံပါ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“အဓိက အတိုက်အခံပါတီကြီး ဖယ်ထုတ်ခံရပြီး ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်အဖြစ် ရှုမြင်နိုင်မှာ မဟုတ်ဘူး။ ဒီလို အခြေအနေမျိုးက ရွေးကောက်ပွဲရလဒ်ကိုလည်း အီးယူအနေနဲ့ ယုံကြည်နိုင်မှာ မဟုတ်ပါ။”ဟု အက်ဂါက ပြောသည်။

အဆိုပါ ပေးပို့သော စာတွင် CNRP ပါတီက မဲရလဒ် ၄၃ မဲဖြင့် ခရိုင်အများစုတွင် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီကို အရှုံးပေးခဲ့ရသော ပွင့်လင်းမြင်သာပြီး ယုံကြည်လက်ခံနိုင်သည့် ဇွန်လအတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲကို ပြန်ပြောင်းကာ ရည်ညွန်းပြောဆိုထားသည်။

ယခုကဲ့သို့ အတိုက်အခံပါတီကြီးအား မဖြိုခွင်းမီ ကမ္ဘောဒီးယားနိုင်ငံအတွင်း လွတ်လပ်၍  အချုပ်အခြာကင်းသော သတင်းမီဒီယာများကို နှိပ်ကွပ်ခြင်းများ လုပ်ဆောင်ခဲ့ရာ ကမ္ဘောဒီးယားနေ့စဉ်သတင်းစာနှင့်အတူ ရေဒီယိုအသံလွှင့်ဌာနတစ်ချို့ ပိတ်သိမ်းခံခဲ့ရသည်။

ကမ္ဘောဒီးယားအတွက် ရွေးကောက်ပွဲ ရန်ပုံငွေ မတည်ပေးမှုကို ရပ်ဆိုင်းကြောင်း အမေရိကန်နိုင်ငံကလည်း နိုဝင်ဘာလအတွင်း ကြေညာထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly