Yangon Waterboom တွင် ပထမဆုံးအကြိမ် Night Market စျေးရောင်းပွဲ ကျင်းပမည်

Yangon Waterboom တွင် ပထမဆုံးအကြိမ် Night Market စျေးရောင်းပွဲ ကျင်းပမည်

 

ဒီဇင်ဘာလ ၁၂ ။              ။ Yangon Waterboom တွင် ပထမဆုံးအကြိမ် Night Market စျေးရောင်းပွဲကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မှ ၁၈ ရက်နေ့ အထိ Waterboom Car parking အတွင်း ပြုလုပ်သွားမည် ဖြစ်သည်။

 “မြို့ထဲသွားရင် နီးတယ်။ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သန်လျင် ဆိုလည်းနီးတယ်။ သာကေတ မြို့နယ် ဆိုတာလည်း ရန်ကုန်နဲ့စာလို့ ရှိရင် Destination နေရာ ဆန်ဆန်သတ်မှတ်လို့ရတယ်ဆိုတာ လူတွေသိစေချင်တာ။” ဟု Waterboom အထွေထွေမန်နေဂျာ ဦးမျိုးသူရက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ၀င်ကြေးအခမဲ့ စျေးရောင်းပွဲကျင်းပမည့် ၄ ရက်အတွင်း ဖက်ရှင်ပစ္စည်းမျိုးစုံ၊ လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် စားသောက်ဆိုင်ခန်းများဖွင့်၍ အနုပညာရှင်များက နေ့လည် ၁၂နာရီ မှ ည ၁၀ နာရီအထိရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ် ညနေ ၄ နာရီမှ ရ နာရီအတွင်း ဖျော်ဖြေပွဲများ ဂိမ်းအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကလေးများအတွက်ရည််ရွယ်၍ KID’s FESTIVAL ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် ဆေးရောက်ခြယ်ပြိုင်ပွဲ၊ Spelling Bee contest နှင့် KID’s fashion contest တို့ပါဝင်ကာ ဆုကြေးများ ပါ၀င်သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကရင်နှစ်သစ်ကူး ပွဲ၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ခရစ်စမတ်ပွဲ တို့ကိုလည်း  Waterboom တွင် ပြုလုပ်သွားမည်ဟုလည်း သိရသည်။ အဆိုပါပွဲများအပြင် New Year Count Down Party ကို တေးသံရှင်များ နှင့် DJ ပညာရှင်များ၏ EDM Music များနှင့် အတူ Waterboom ၏ Wavepool တွင် ၀င်ကြေး ကျပ် ၂ သောင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required