မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ပိတ်သိမ်းပေးရန် လျှောက်ထားမှုကို ပယ်ချခံရ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ပိတ်သိမ်းပေးရန် လျှောက်ထားမှုကို ပယ်ချခံရ

 

ရန်ကုန် ဒီဇင်ဘာ ၁၂ ။             ။ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှုတွင် တရားလို မလာရောက်သည့်အတွက် အမှုပိတ်သိမ်းပေးရန် လျှောက်ထားမှုကို ပယ်ချခံခဲ့ရသည်ဟု ဆရာတော် ဦးပါမောက္ခအမှုကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

ပြီးခဲ့သည့်ရုံးချိန်းက တရားလိုလာရောက်ခြင်းမရှိ သလို ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံး၏ ၄ ကြိမ်ရုံးချိန်းတွင် လည်း တရားလို ရောက်လာခြင်းမရှိဟု သိရသည်။

"ပြီးခဲ့တဲ့အပတ်တုန်းက ချိန်းထားတဲ့ကိစ္စက တရား လိုမလာတဲ့အတွက် အမှုကို ပိတ်သိမ်းပေးဖို့ လျှောက်ထားတာရှိတယ်၊ အဲဒီအပေါ်ဆုံးဖြတ်တာ ကတော့ ဒီ ၂ နှစ်ထောင်ဒဏ်ရှိတဲ့ပုဒ်မဖြစ် နေတဲ့ အတွက်ကြောင့် လျှောက်ထားချက်လွဲတယ်လို့ သုံးသပ်ပြီးတော့ ပယ်တယ်လို့ ပြောပါ တယ်" ဟု ဦးအောင်မြိုင်က ပြောသည်။

ဦးတိုက်လျှောက်လွှာတွင် တရားလို၏လက်မှတ် လွဲမှားနေသည့်ကိစ္စကိုလည်း လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရုံးချိန်းတွင် ဆုံးဖြတ်သွားမည်ဟု သိရ ကြောင်း ဦးအောင်မြိုင်က ဆက်ပြောသည်။

"ဦးတိုက်လျှောက်ထားလွှာပေါ်မှာ လက်မှတ် မမှန် မကန်ဖြစ်မှု၊ အဲဒါနဲ့ပတ်သက်ပြီးတော့ လက်မှတ် မမှန်မကန်လို့ ဦးတိုက်လျှောက်လွှာကို ပိတ်သိမ်း ပြီးတော့ ဆရာတော်ကို အမှုက လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက လျှောက်ထားတယ်၊ အဲဒီကိစ္စနဲ့ပတ်သက် ပြီးတော့ အခုအဆင်မပြေသေးတဲ့အတွက်ကြောင့် လာမယ့် ၂၁ ရက်နေ့ ရုံးချိန်းမှဆုံးဖြတ်ချက်ချပေး မယ်လို့ နောက်ရုံးချိန်း ချိန်းတယ်" ဟု ဦးအောင်မြိုင် က ဆက်ပြောသည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည် လွတ်မြောက်ပြီဖြစ်သော်လည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက် အမှုရင်ဆိုင်နေရခြင်းဖြစ် သည်။

ဆရာတော်ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုအတွက် ဖမ်းဝရမ်းထုတ်ခံထားရပြီး နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ် စျေးမြေနေရာကိစ္စဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ်တရားရုံးက နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးဘဲ အင်းစိန်ထောင်တွင် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဉ်က ဆရာတော်ကြီများ ရှေ့မှောက် တွင် လူ ဝတ်လဲပေးခဲ့သော်လည်း သိက္ခာအချမခံခဲ့သည့် အတွက် ရဟန်းဘဝအဖြစ် ဆက်လက်ရှိနေခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုအတွက် ရဟန်း၃ ပါး လူ ၄ ဦးကို အမှုဖွင့်ထားခြင်းဖြစ်ပြီး လူ ၄ ဦးဖြစ်သော ကိုဝင်း ကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီးဖြစ်သည်။

 ရဟန်း ၃ ပါးဖြစ်သော ဦးပါမောက္ခ၊ ဦး သုစိတ္တနှင့် ဦးပညာဝံသတို့မှာ သံဃာ့အဖွဲ့အစည်း ၏ ခွင့်ပြုချက်စာ၊ သာသနာရေးဦးစီးဌာနညွှန်ကြား မှူး၏ သဘောထားမှတ်ချက် စသော လုပ်ထုံးလုပ်နည်းများနှင့်မညီသဖြင့် တရားစွဲဆိုမှုအတွက် တရားရုံးသို့ အစစ်ဆေးခံရန်မလာရောက်ခဲ့ကြရာ အားလုံးကို ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ပြီး ယခု ဦးပါမေက္ခကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required