မြန်မာ့အကောင်းဆုံး အလုပ်ရှင်ဆုရရှိသူများကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ဆုချီးမြှင့်ပေးခဲ့

မြန်မာ့အကောင်းဆုံး အလုပ်ရှင်ဆုရရှိသူများကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ဆုချီးမြှင့်ပေးခဲ့

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။                 ။ မြန်မာနိုင်ငံ၏ပထမဆုံးသော Myanmar Employer Awards 2017 ပွဲကြီးတွင် ပါ၀င်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကုမ္ပဏီများကို ဒီဇင်ဘာလ ၉ ရက်နေ့ညက ရန်ကုန်မြို့ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း ဦးဆောင်ကျင်းပသည် Jobnet.com.mm က သတင်းထုတ်ပြန်သည်။

အကဲဖြတ်ခြင်းလုပ်ငန်းစဉ် ၂ ခုကို ပြုလုပ်၍ ကျန်ရှိလာသော ကုမ္ပဏီများကို နို၀င်ဘာလအတွင်း Final အကဲဖြတ်ခြင်းလုပ်ငန်းစဉ်အပြီး တွင် ပုဂ္ဂလိကနှင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ဆုများချီးမြှင့်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆုများအား ပြည်တွင်းကုမ္ပဏီများအပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နေသော ပြည်ပ ကုမ္ပဏီများကိုပါ ချီးမြင့်ပေး အပ်သွားမည်ဖြစ်ပြီး ဆုအမျိုးအစားများမှာ Overall Best of the Best ၊ People’s Choice Award ၊ Best Learning & Development ၊ Excellence in Workplace Environment ၊ Best Use of Internal Marketing for Company Pride ၊ Best Career Advancement Program နှင့် Best Use of Rewards & Recognition စသောဆုများဖြစ်ပြီး ၆၁ ဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ဆုများမှာ ကဏ္ဍအလိုက်ရွှေ၊ ငွေနှင့် ကြေးဆုများပေးခဲ့သော်လည်း ထိုအထဲမှ အကောင်းဆုံးထဲမှ အကောင်းဆုံးဆုများအတွက် နိုင်ငံတကာကုမ္ပဏီ Unilever မှ ဆုရရှိခဲ့ပြီး ပြည်တွင်းအတွက် အကောင်းဆုံးထဲမှ အကောင်းဆုံးဆုအတွက် ရိုးမဘဏ်က ဆွတ်ခူးခဲ့သည်။ ထို့အပြင် လူကြိုက်အများဆုံးဆုအတွက် နိုင်ငံတကာကုမ္ပဏီ အော်ရီဒူးမှ ရရှိခဲ့ပြီး ပြည်တွင်းအတွက် MPT မှ ရရှိခဲ့သည်။

ကဏ္ဍတစ်ခုခြင်းဆီအလိုက် ရွှေဆုရရှိခဲ့သော ကုမ္ပဏီများမှာ Peace Myanmar Group၊ Sule Shangri-La၊  FAME Pharmaceuticals၊  PriceWaterhouseCoopers (PWC) နှင့် MyWorld Careers တို့ဖြစ်ကြသည်။

၅ လခန့်ကြာသော အဆိုပါ ဆုရွေးချယ်ရေးအစီအစဉ်အတွင်း ပါ၀င်ယှဉ်ပြိုင်ကြသော ကုမ္ပဏီများကို ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အကဲဖြတ်ဒိုင်များအဖြစ် စိစစ်အကဲဖြတ်မှုများပြုလုပ်ခဲ့ကြပြီး ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က ဒိုင်ချုပ်အဖြစ်အကဲဖြတ်စီစစ်ပေးခဲ့ခြင်းဖြစ်သည်။ 

Jobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က “ ပထမဆုံး Myanmar Employer Awards ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ပေမယ့် ခုချိန်မှာ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လှုံ့ဆော်လိုက်တာပါပဲ။ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခုလိုကျင်းပတဲ့ မြန်မာ့အကောင်းဆုံးအလုပ်ရှင်များဆုပေးပွဲက တဖက်တလမ်းကနေ ကူညီပေးနိုင်မယ်လို့  ယုံကြည်ပါတယ်။ ဒီလိုယှဉ်ပြိုင်မှုတွေကနေ တဆင့် တိုင်းပြည်အတွက်လိုအပ်တဲ့ ပရော်ဖက်ရှင်နယ်လူ့စွမ်းအားအရင်းအမြစ်တွေကို အလေးထားတဲ့ ကုမ္ပဏီတွေအများအပြားရှိလာလိမ့်မယ်ယူဆထားပါတယ်။ ဒီလို အရေးပါတဲ့ ပွဲဖြစ်အောင် ကူညီခဲ့ကြသူတွေရော၊ ပါ၀င်ယှဉ်ပြိိုင်ကြတဲ့ ကုမ္ပဏီတွေရော၊ ဒိုင်လူကြီးမင်းတွေ အပါအဝင် အားလုံးကို ကျေးဇူးတင်လေးစားဂုဏ်ယူမိပါတယ်။”ဟု ပြောသည်။

ကုမ္ပဏီများ

Myanmar Employer Awards အတွက် လျောက်လွှာတင်ခဲ့သောကုမ္ပဏီများသည် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ FMCG ၊ ဖြန့်ချီရေးလုပ်ငန်းများ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်များ၊ ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေးနှင့် သင်တန်းကျောင်းများ၊ နိုင်ငံအသီးသီးမှ ကုန်သည်အသင်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများ၊ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများစသည့် များပြားလှသော ကဏ္ဍများအတွက် လျောက်လွှာ ဖောင်များတင်ခဲ့ကြသည်။

အကဲဖြတ်လုပ်ငန်းစဉ်

အကဲဖြတ်လုပ်ငန်းစဉ်ကို နိုင်ငံတော်သမ္မတ၏ အကြံပေးဟောင်းလည်းဖြစ်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကျွမ်းကျင်သူလည်း ဖြစ်သော ဆရာကြီး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ဦး ဆောင် သည်။ ဆရာကြီး သည် အခြား သော အကဲဖြတ်ဒိုင်များ ကိုဦးဆောင်၍ ပွင့်လင်းမြင်သာပြီး တရားမျှတသော အကဲဖြတ်လုပ်ငန်းစဉ်များကိုလုပ်ဆောင်ခဲ့ကြသည်။

Sponsor များ

Myanmar Employer Awards အတွက် ပလက်တီနမ်စပွန်ဆာများဖြစ်ကြသော Luther ဥပဒေအကျိုးဆောင်အဖွဲ့၊ Wall Street English တို့နှင့် ရွှေစပွန်ဆာများအဖြစ် Samsung and Power House Fitness Club တို့က ပံ့ပိုးပေးထားသည်။ Silver sponsor အဖြစ် Jotun နှင့် ထို့အပြင် အထောက် အကူပြုစပွန်ဆာအဖြစ် CCI-France Myanmar၊ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ဗြိတိန်ကုန်သည်ကြီးများအသင်း၊ က ပါ၀င်ပေးထားသည်။ ပွဲနေရာ ထိုင်ခင်း စပွန်ဆာ အဖြစ် ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှ ထောက်ပံ့ပေးထားပြီး Verifying ပါတနာအဖြစ် Deloitte Touche Myanmar ကပါ၀င်ကူညီပေး ထားသည်။

Myanmar Employer Awards ဆိုသည်မှာ

Myanmar Employer Awards သည် အကောင်းဆုံးသောလုပ်ငန်းရှင်များနှင့် ပင်ကိုယ်စွမ်းရည် စီမံခန့်ခွဲမှုများအပေါ် ၎င်းတို့၏ သူမတူ စွမ်းရည်များနှင့် ကတိက ၀တ်များ ဖြည့်ဆည်းမှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ် အသီးသီး ရှိ အလုပ်ရှင်များ ကို ဆုများချီးမြှင့်ခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို အကောင်ဆုံးစောင့်လျောက်နိုင်မှု၊ အလုပ်အကိုင်ပေးနိုင်မှု၊ ဆွဲဆောင်နိုင်မှု၊ စသောအလေ့အကျင့်ကောင်းများအတွက် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ အစီစဉ်များချမှတ်ဆောင်ရွက်ခြင်းအတွက် လွတ်လပ်မျှတစွာဆုံးဖြတ်မည့် ငါးလကြာအစီအစဉ်တစ်ခုဖြစ်သည်။ ဆုရွေးချယ်ရာတွင် နောက်ဆုံးကျန်ရှိသည့် ကုမ္ပဏီများစာရင်းကို နို၀င်ဘာလအတွင်း ကြေငြာပေးသွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလ ၉ ရက်နေ့ညတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ခမ်းနားစွာ ကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ Myanmar Employer Awards ကိုJobNet.com.mm က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

JobNet.com.mm အကြောင်း

JobNet.com.mm ဟာမြန်မာ့ဦးဆောင်ရှေ့ပြေး အွန်လိုင်းအလုပ်အကိုင်ဝဘ်ဆိုဒ်ကြီးတစ်ခု ဖြစ်ပြီး လစဉ် ဝင်ရောက် ကြည့်ရှု့သူပေါင်း ၄ သိန်းကျော်ရှိပြီး အလုပ်လျှောက်လွာပေါင်း ၆ သောင်းကျော် ရရှိသော ဝဘ်ဆိုဒ်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကြီးမားသောအလုပ်သမားခေါ်ယူသူများအနေနဲ့ လည်း JobNet.com.mm အားအဓိကထား အားကိုးအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ JobNet.com.mm အနေနဲ့လည်း မြန်နှုန်းမြင့်တိုးတက်မှုဖြင့် မြန်မာ နိုင်ငံဈေးကွက်အတွင်းရှိ အရည်အသွေး မြင့် ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားရှာဖွေရာမှာ အဆင့်မြင့်ပြီး အကောင်း မွန်ဆုံးဝဘ်ဆိုဒ် အဖြစ်ပိုမိုရှင်း လင်း သိသာ လာစေခဲ့ပြီဖြစ်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly