SPA Flood Relief Fund ကမြောက်ဦးအနီးကျေးရွာများ သုံးရန်ရေစုပ်စက်များ လှူဒါန်း

SPA Flood Relief Fund ကမြောက်ဦးအနီးကျေးရွာများ သုံးရန်ရေစုပ်စက်များ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၂၀ ။         ။ SPA Flood Relief Fund က ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကိုဒေသခံ လှုမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး  ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် အနီး ကျေးရွာများ သုံးရန် ရေစုပ်စက် သုံးလုံး လှူဒါန်းခဲ့သည်ဟု သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရေစုပ်စက်များဖြင့် မြောက်ဦးဒေသ ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိ ရေကန်များ သန့်ရှင်းရေးအတွက် အသုံးပြုသွားမည်ဖြစ်ကာ SPA Flood Relief Fund အနေဖြင့် ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို မြောက်ဦး ဆရာတော် ဝါရာမိန္ဒိနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ရေစုပ်စက်များသည် အကြမ်းအားဖြင့် ရေကန်ကြီး တစ်ကန်ကို နှစ်နာရီအတွင်း စုပ်ယူနိုင်မည် ဖြစ်ကာ တစ်နေ့လျှင် အနည်းဆုံး ကျေးရွာ နှစ်ရွာရှိ ရေကန်များကို စုပ်ယူနိုင်မည် ဖြစ်သည်။

ယင်းဒေသအတွင်း ကျေးရွာတစ်ရွာတွင် ရေကန် နှစ်ကန်မှ သုံးကန်ခန့် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ယင်းအပြင် SPA Flood Relief Fund က ရေသန့်စင်စက်များကိုလည်း လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required