(အူကျခြင်း) ကဘာလဲ

(အူကျခြင်း) ကဘာလဲ

ရေးသားသူ Khine Phoo Ngon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်
Interstitial Hernia (အူကျခြင်း) ကဘာလဲ။

Interstitial hernia( အူကျခြင်း) ဆိုတာဟာ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်း အတွင်းကလီစာ တစ်ခုခုက ပုံမှန်ကာကွယ်ထားတဲ့ ကြွက်သား(သို့) တစ်ရှုးတစ်ခုခုကို တွန်းပြီး ထွက်လာတာကို ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံ ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။

interstitial hernia ဟာ တစ်ခါတစ်လေမှာ အရှေ့ဘက် ၀မ်းဗိုက်ပိုင်းရဲ့ အလွှာတွေကြားက ဖြတ်လာတတ်ပါတယ်။ ကျွံလာတဲ့ အစိတ်အပိုင်းအိတ်ဟာ ၀မ်းဗိုက်ကြွက်သား အလွှာတွေကြားမှာ ရှိနေလေ့ရှိပါတယ်။

Interstitial Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပို ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် အဲလိုဖြစ်တာကိုအားပေးတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် သတင်း အချက်အလက်တွေအတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Interstitial Hernia (အူကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ချို့ကတော့

  •     အထူးသဖြင့် ကုန်းတဲ့အခါ၊ ချောင်းဆိုးတဲ့ အခါ၊ တစ်ခုခုကို မ တဲ့ အခါ၊ ဖြစ်တဲ့နေရာ( များသောအားဖြင့် ၀မ်းဗိုက်အောက်ပိုင်း)မှာ နာခြင်း(သို့) မအီမသာ ဖြစ်ခြင်း။
  •     အားနည်းခြင်း၊ ၀မ်းဗိုက်မှာ တစ်ခုခုဖိထားသလို လေးတဲ့ ခံစားချက် ခံစားရခြင်း။
  •     တွန်းထွက်လာတဲ့ နေရာမှာ ပူလောင်ပြီး နာကျင်တဲ့ ခံစားမှုမျိုးဖြစ်ခြင်း။

တစ်ချို့သော အခြေအနေတွေမှာ ရောဂါလက္ခဏာ မပြပါဘူး။ သင့်မှာ ဒီလိုရောဂါ ဖြစ်နေတယ်ဆိုတာ ပုံမှန် စစ်ဆေးခြင်း(သို့) အခြားမဆိုင်တဲ့ရောဂါ ပြသနာတစ်ခုခုကို စစ်ဆေးရင်းနဲ့မှ သိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောစီးစီး ရောဂါ အမည်တပ်နိုင်ပြီး ကုသမှုခံယူခြင်းက ပိုမဆိုးလာအောင် နဲ့ အခြားအရေးပေါ်အခြေအနေတွေ မဖြစ်လာရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ စောနိုင်သမျှစောစော တွေ့ပြီး ဆွေးနွေးသင့်ပါတယ်။

တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Interstitial Hernia (အူကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Interstitial hernia ( အူကျခြင်း) တွေဟာ ကြွက်သားအားနည်းခြင်းနဲ့ တင်းအား၊ညှစ်အားများခြင်း တွေပေါင်းပြီး ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်း အပေါ်မူတည်ပြီး Interstitial hernia ဟာ မြန်မြန်ဖြစ်မလား (သို့) အချိန်ကြာလားဆိုတာ ကွာခြားပါတယ်။

ကြွက်သားတွေကို အားနည်းစေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေကတော့

  •     မွေးရာပါ ချို့ယွင်းချက်တစ်ခု ဖြစ်တဲ့ ၀မ်းဗိုက်နံရံ ကောင်းကောင်း မပိတ်သွားခြင်း။
  •     အသက်ကြီးခြင်း။
  •     နာတာရှည်ချောင်းဆိုးခြင်း။
  •     ထိခိုက်မိခြင်း (သို့) ခွဲစိတ်မှုလုပ်ခြင်းကြောင့် ပျက်စီးသွားခြင်း။

အချို့သော အခြေအနေတွေက သင့်ရဲ့ ကြွက်သားတွေကို အားနည်းသွားစေနိုင်ပြီး hernia ကိိုဖြစ်စေပါတယ်။

  •     ကိုယ်ဝန်ဆောင်ခြင်း။ ကိုယ်ဝန်ဆောင်ထားခြင်းက သင့် ၀မ်းဗိုက်အပေါ်ဖိအားတစ်ခုလို ဖြစ်စေနိုင်ပါတယ်။
  •     ၀မ်းချုပ်ခြင်း။ ၀မ်းချုပ်ခြင်းဟာ အိမ်သာသွားတဲ့ အခါ အားသုံးပြီးညှစ်ရစေပါတယ်။
  •     အလေးအပင်တွေမခြင်း။
  •     ၀မ်းဗိုက်ထဲမှာ အရည်တွေရှိနေခြင်း။ (သို့) ascites ဟုခေါ်သည်။
  •     ရုတ်တရက် ကိုယ်အလေးချိန် တက်လာခြင်း။
  •     ကြာရှည် ချောင်းဆိုးခြင်း (သို့) နှာချေခြင်း။

ဖြစ်နိုင်ခြေများ

Interstitial Hernia (အူကျခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင့်မှာ အောက်ပါ အခြေအနေတွေရှိနေရင် ဒီရောဂါ ဖြစ်နိုင်ချေ များလေလေ ဖြစ်ပါတယ်။

  •     မိသားစု မှာ(သို့) မိမိဆီမှာ အရင်က interstitial hernia( အူကျခြင်း) ဖြစ်ဖူးခြင်း။
  •     အဝလွန်နေခြင်း။
  •     နာတာရှည်ချောင်းဆိုးနေခြင်း။
  •     ကြာရှည်ဝမ်းချုပ်ခြင်း။
  •     ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းက နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။
  •     Cystic fibrosis( ဂလင်းတွေ မှ အချွဲတွေ အများကြီးထုတ်တဲ့ မျိုးရိုးလိုက်ရောဂါ)ကဲ့သို့ ရောဂါ အခြေအနေရှိခြင်းကလည်း အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်စီးစေနိုင်တဲ့ အတွက် နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေပြီး hernia ဖြစ်နိုင်ချေကို များစေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Interstitial Hernia (အူကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်မှာ ဒီရောဂါဖြစ်နိုင်တယ်လို့ သံသယရှိရင် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်းနဲ့ အခြားစစ်ဆေးချက်တွေ လုပ်ဆောင်ရပါမယ်။ သင့်မှာintertitial hernia( အူကျခြင်း)  ရှိနေပြီဆိုရင် ဆရာဝန်က barium ဓါတ်မှန် (သို့) မှန်ပြောင်းကြည့်ခြင်း (သို့) အာထရာဆောင်းကြည့်ပြီး ရောဂါအမည် သတ်မှတ်နိုင်ပါတယ်။

အဲဒီလို စစ်ဆေးချက်တွေက ဆရာဝန်တွေကို အတွင်းဘက် အစာအိမ်တည်နေရာကို မြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

Barium ဓါတ်မှန်။ ဒီဓါတ်မှန် အမျိုးအစားဟာ အစာချေလမ်းကြောင်းတစ်လျှောက် ရဲ့ ဓါတ်မှန်ပုံရိပ်တွေကို ရိုက်ယူတာဖြစ်ပါတယ်။ ဓါတ်မှန်ပုံရိပ်တွေမှာ ကောင်းကောင်းပေါ်နိုင်အောင် ကူညီပေးမယ့် barium ပါတဲ့ အရည်တစ်ခုကိုသောက်ပြီးနောက်မှာ ပုံရိုက်တွေကို ရိုက်ယူမှာ ဖြစ်ပါတယ်။

မှန်ပြောင်းကြည့်ခြင်း။ သင့်လည်မျိုကနေ ကင်မရာဆက်ထားတဲ့ ပြွန်တစ်ခုကို သွင်းပြီး လည်ချောင်းမှတစ်ဆင့် အစာရေမြို နဲ့ အစာအိမ်ထဲကို ဆင်းနိုင်ပါတယ်။

အာထရာဆောင်း။ ဆရာဝန်က ကြိမ်နှုန်းမြင့်တဲ့ အသံလှိုင်းတွေကိုသုံးပြီး ခန္ဓာကိုယ် အတွင်းရှိ အစိတ်အပိုင်းတွေရဲ့ ပုံရိပ်ကို ဖမ်းယူတဲ့ အာထရာဆောင်းနည်းလမ်းကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။

Interstitial Hernia (အူကျခြင်း) ကို ဘယ််လိုကုသပါသလဲ

သင့်ဆရာဝန်က အကြံပေးနိုင်တဲ့ ကုသနည်းတစ်ချို့ရှိပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း။ အစားအသောက်ပုံစံ ပြောင်းလဲတာကလည်း တစ်ခါတစ်လေ interstitial hernia ရဲ့ ရောဂါလက္ခဏာတွေကို ကုသပေးနိုင်ပါတယ်။ အစာအများကြီးစားတာ၊   ပြည့်တင်းအောင်စားတာမျိုးကိုရှောင်ပါ။ စားသောက်ပြီး မလဲလျောင်းပါနဲ့။ (သို့) ခန္ဓာကိုယ် ကိုင်းတာမျိုး မလုပ်ပါနဲ့။ ပြီးတော့ သင့်ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ အလေးချိန်သတ်မှတ်ချက်အတွင်း ၀င်အောင် ထားပါ။ ဒီလို အစားအသောက်ပြောင်းလဲ မှုတွေက သင်မအီမသာ ဖြစ်ခြင်းကို မရှင်းလင်းပေးနိုင်ဘူးဆိုရင်တော့ ဒီ ရောဂါကို ကုသဖို့ ခွဲစိတ်မှုလုပ်ဆောင်သင့်ပါပြီ။

 ဆေးသောက်ခြင်း။ ဆရာဝန်က ဆေးညွှန်ကြားပေးပါလိမ့်မယ်။ hernia ကို ကုသဖို့ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း။ သင့်ရဲ့ interstitial hernia( အူကျခြင်း) က ပိုပြီးကြီးလာတယ်ဆိုရင် (သို့) နာကျင်ခြင်းကို ဖြစ်လာစေပြီဆိုရင် ဆရာဝန်က ခွဲစိတ်တာဟာ အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ ဆရာဝန်က hernia ( အူကျခြင်း) ကို ပြုပြင်ဖို့ သင့်ဝမ်းဗိုက်နံရံမှာ ဖြစ်နေတဲ့အပေါက်ကို ချုပ်ပြီး ပိတ်တဲ့ ခွဲစိတ်မှုမျိုးလုပ်ဆောင်နိုင်ပါတယ်။ အဲဒီအပေါက်ကို ခွဲစိတ်သုံး ဇကာနဲ့ တွဲချုပ်ရပါမယ်။

အခြား laproscopic မှန်ပြောင်းကြည့်ပြီး ခွဲစိတ်ကုသနည်းတွေနဲ့ လည်းပြုပြင်နိုင်ပါတယ်။ မှန်ပြောင်းကြည့်ပြီး ခွဲစိတ်ကုသတဲ့နည်းလမ်းဟာ သေးငယ်တဲ့ကင်မရာလေးနဲ့ အသေးငယ်ဆုံး ခွဲစိတ်ကိရိယာ များကို အသုံးပြုပြီး ခွဲစိတ်ဒဏ်ရာ အနည်းငယ်ပဲ ဖြစ်အောင် ခွဲစိတ်ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ပတ်ဝန်းကျင်က ကြွက်သား တစ်ရှုးတွေပျက်စီးမှု ကိုနည်းစေပါတယ်။

Open surgery(ဗိုက်ဖွင့်ပြီး ခွဲစိတ်ကုသခြင်း) လုပ်ပြီဆိုရင်တော့လူနာ ပြန်ကောင်းလာဖို့ အချိန်ကြာကြာပိုလိုအပ်ပါတယ်။ ၆လလောက်ထိ မလှုပ်ရှားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ laproscopic မှန်ပြောင်းကြည့်ပြီး ခွဲစိတ်နည်းကတော့ လူနာအတွက် ပြန်လည်ကောင်းမွန်လာအောင် စောင့်ရမယ့် အချိန်တိုပါတယ်။ ဒါပေမယ့် hernia ( အူကျခြင်း) ရောဂါ ပြန်ဖြစ်နိုင်ချေ များပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

Interstitial hernia ကို ထိန်းချုပ်ပေးနို်င်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

အောက်ပါ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

  •     ဆေးလိပ်သောက်တာရပ်လိုက်ခြင်း။
  •     နာတာရှည် ချောင်းဆိုးတာတွေ မဖြစ်လာရအောင် ဖျားနာပြိဆိုတာနဲ့ ဆရာဝန်ပြခြင်း။
  •     ကျန်းမာရေးအတွက်ကောင်းတဲ့ ကိုယ်အလေးချိန်အတွင်းထိန်းထားခြင်း။
  •     ၀မ်းသွားတဲ့ အချိန်နဲ့ ဆီးသွားတဲ့ အချိန်မှ ညှစ်မျိုးကို ရှောင်ကြဉ်ပါ။
  •     အလေးအပင်တွေမ တဲ့အခါ ကျောကုန်းကို အသုံးမပြုဘဲ ဒူးခေါင်းကိုအသုံးပြုခြင်း။
  •     သင့်အတွက် အရမ်းလေးတာတွေကို မသယ်ခြင်း။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly