ကြယ်လိပ်များ မျိုးတုံုးမပျောက်ကွယ်စေရန် အစိုးရဘတ်ဂျက်ဖြင့် မွေးမြူထား

ကြယ်လိပ်များ မျိုးတုံုးမပျောက်ကွယ်စေရန် အစိုးရဘတ်ဂျက်ဖြင့် မွေးမြူထား

မင်းဘူး၊ ဒီဇင်ဘာ ၁၁ ။         ။ ကမ္ဘာပေါ်တွင် မြန်မာနိင်ငံမှာသာရှိသည့် ကြယ်လိပ်ခေါ် ပန်းလိပ်များကို မျိုးတုံးပျောက်ကွယ် မသွားစေရန် အတွက် အစိုးရဘတ်ဂျက်ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု၊ ပွင့်ဖြူ ၊ငဖဲ နယ်နှင့် စေတုတ္တရာမြို့နယ်များနှင့် ထိစပ်နေသည့် မုန်းချောင်း၊ မန်းချောင်းအကြား မင်းဘူး/စကုမြို့နယ် ရွှေစက်တော် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် မွေးမြူထားကြောင်း သိရသည်။

“ ၁၉၉၆ ခုနှစ်လောက်က ဘေးမဲ့တောအတွင်း သဘာဝအတိုင်းသွားလာနေတာပါ၊ နည်းမျိုးစုံကြောင့် မျိုးတုံး ပျောက်ကွယ်မှာ စိုးတဲ့အတွက်နေရင်းဒေသရဲ့ ပြင်ပမှာ အခုလို ခြံလှောင်ပြီး အစိုးရဘတ်ဂျက်နဲ့ မွေးမြူ ရတာပါ ” ဟု ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တောခေါင်းဒေါ်အေးအေးချိုက တောခေါင်း ဒေါ်အေးအေးချိုက မဇ္ဈိမသို့ ပြောသည်။

ကြယ်လိပ်များအား ၁၉၉၆ ခုနှစ်က စတင်ပြီး အထီး(၆)ကောင်၊အမ(၆)ကောင် မွေးမြူထားခဲ့ပြီး ယနေ့ လက်ရှိအကောင်ရေ ၆၅၀ ခန့်ပေါက်ဖွားနေနေကာ အစိုးရဘတ်ဂျက်ဖြင့် ကျွေးမွေးစရိတ်၊ ဆေးဝါးကုသစရိတ်များ ပေးထားကြောင်း သိရသည်။

မြန်မာ့ကြယ်လိပ်များသည် ဗူးသီး၊ဖရုံသီး၊ခရမ်းချဉ်သီး၊ကန်းစွန်းရွက်၊ဖရုံရွက်၊ဗူးရွက်၊သခွပ်ပွင့်တို့ကို စားသုံးပြီး စားနိင်သည့် တစ်ကောင်အား တစ်နေ့ ကျပ်နှစ်ဆယ်ဖိုးခန့် ကျွေးရကြောင်း သိရသည်။

“ ကြယ်လိပ်တွေက ဇူလိုင်လကနေ သြဂုတ်လအထိ မိတ်လိုက်ကြပါတယ်၊ အောက်တိုဘာလ မှာ ဥတွေ ဥကြပြီး မေလမှာ ဥပေါက်ပါတယ်၊တစ်ကြိမ်ဥရင် (၄)လုံးနဲ့ (၅)လုံး ဥပါတယ်၊သူတို့ကျက်စားရာတောက ဆူးခြုံတောနဲ့  ရွက်ပြတ်တောခြောက်တွေဖြစ်ပါတယ်” ဟု တောခေါင်းဒေါ်အေးအေးချိုက ပြောသည်။

မြန်မာ့ကြယ်လိပ်များအား အင်္ဂလိပ်အမည် Burmese Star Tortoise၊သိပ္ပံအမည် Geochelone Platynota ခေါ်ဆိုပြီး လက်ရှိ မျိုးသုဉ်းရန် အလွန်နီးစပ်၍ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေဥပဒေ (၁၉၉၄) နှင့် ငါးလုပ်ငန်းဥပဒေ (၁၉၉၃)အရ ကာကွယ်ထားကြောင်း သိရသည်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူး၊စကု၊ပွင့်ဖြူ၊ ငဖဲနှင့်စေတုတ္တရာမြို့နယ်များ နှင့် ထိစပ်နေသည့် မုန်းချောင်း၊မန်းချောင်းအကြား ဧက(၁၁၄၇၁၆.၁၈)စတုရန်းမိုင်အကျယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly