နီပေါကွန်မြူနစ်ပါတီများ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ခြေ ရှိနေ

နီပေါကွန်မြူနစ်ပါတီများ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ခြေ ရှိနေ

ခတ္တမန္တူ၊ ဒီဇင်ဘာ ၁၁ ။      ။ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် သဘာဝဘေးဒဏ်သင့်ကာ ဆယ်စုနှစ် နှစ်ခုစာ ပဋိပက္ခများ ရင်ဆိုင်နေရသည့် နီပေါနိုင်ငံ၏ အလှည့်အပြောင်းဖြစ်ဖွယ်ရှိသော ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီများက ဒီဇင်ဘာ ၁၁ ရက်တွင် သောင်ပြိုကမ်းပြို အနိုင်ရမည့် မဲရလဒ်ဖြင့် ရှေ့က ဦးဆောင်နေသည်။

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်အပြီး နီပေါနိုင်ငံအား သက်ဦးဆံပိုင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းသည့် ၁၁ နှစ်တာ ကာလ၏ အဓိကအပြောင်းအလဲဖြစ်နိုင်သော အမျိုးသားနှင့် တိုင်းနှင့် ပြည်နယ်ရွေးကောက်ပွဲများကို သမိုင်းမှတ်တိုင်တစ်ရပ်အဖြစ် ကျင်းပနိုင်ထားခြင်း ဖြစ်သည်။

ပြည်သူပြည်သား အများစုက ယခုရွေးကောက်ပွဲကို ၂၀၀၆ ခုနှစ်က စပြီး ဝန်ကြီးချုပ် ဆယ်ဦး အတက်အဆင်း အုပ်ချုပ်ခဲ့ကာ ချွတ်ခြံုကျနေသည့် နိုင်ငံအတွက် တည်ငြိမ်အေးချမ်းရေး ကြီးမားသည့် လိုအပ်ချက်အဖြစ် ယခုရွေးကောက်ပွဲအပေါ် များစွာ မျှော်လင့်နေကြခြင်းလည်း ဖြစ်သည်။

အဓိက ကွန်မြူနစ်ပါတီ၏ မဟာမိတ်ဖြစ်ပြီး နိုင်ငံ၏ မော်သူပုန်ဟောင်းများက လက်ရှိ အာဏာရ ဗဟိုနီပေါကွန်ဂရက်ပါတီကို ဖြုတ်ချနိုင်ကာ လာမည့်အစိုးရအဖြစ် တက်လာနိုင်သည်ဟု မျှော်လင့်ရသည်။

လက်ဝဲမဟာမိတ်များ၏ အားကောင်းသော လုပ်ပိုင်ခွင့်အာဏာသည် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် မဖြစ်ထွန်းနိုင်ခဲ့သော နိုင်ငံရေးတည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်ဖွယ်ရှိကြောင်း ဟိမဝန္တာတိုင်းမ်စ်သတင်းစာက ဖော်ပြပြီး ငယ်ရွယ်နုနယ်သော ဒီမိုကရေစီတွင် ဖြစ်လာနိုင်သော အားကောင်းသည့် အတိုက်အခံများကို အဓိကအရေးပါသူများအဖြစ် သတိဂရုပြုရမည်ဖြစ်ကြောင်း သုံးသပ်ရေးသားထားသည်။

လက်ရှိရေတွက်ဆဲ မဲရလဒ်မှာပင် လက်ဝဲမဟာမိတ်များက အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၉၇ နေရာ ရထားပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် လွှတ်တော်အချက်အလက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly