ဘာစီလိုနာ၏ပုံစံအတိုင်း အင်္ဂလန်တွင် မန်စီးတီးကစားနေနိုင်ပြီဟု ဂွါဒီယိုလာ ဆို

ဘာစီလိုနာ၏ပုံစံအတိုင်း အင်္ဂလန်တွင် မန်စီးတီးကစားနေနိုင်ပြီဟု ဂွါဒီယိုလာ ဆို

 

ဒီဇင်ဘာ ၁၁၊ အင်္ဂလန် ။               ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ၏အသင်းမှာ ဘာစီလိုနာ၏ပုံစံအတိုင်း အင်္ဂလန်တွင် ကစားနေနိုင်ပြီဟု ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် မန်ချက်စတာဒါဘီတွင် မန်ယူကို အနိုင်ရခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ၁၄ ပွဲဆက်တိုက် အနိုင်ရသည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။ ထို့အပြင် မန်စီးတီးအသင်းသည် ဒုတိယနေရာမှ မန်ယူကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ပြီ ဖြစ်သည့်အတွက် ရာသီဝက်ချန်ပီယံဖြစ်ရန်လည်း သေချာသွားခဲ့ပြီ ဖြစ်သည်။

“ဘာစီလိုနာလို မန်စီးတီးက အင်္ဂလန်မှာ ကစားနိုင်မှာမဟုတ်ဘူးလို့ လူတွေက ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါက ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ အခု လုပ်ပြနိုင်ပါပြီ။

ဘာစီလိုနာလိုပုံစံနဲ့ ကျွန်တော်တို့ကစားနိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ရာသီကတည်းက သိခဲ့တာပါ။ ဒီလိုလုပ်နိုင်မယ်လို့လည်း အမြဲယုံကြည်ခဲ့ပါတယ်။ လူတိုင်းက သူတို့ကြိုက်တဲ့ပုံစံနဲ့ ကစားနိုင်ပါတယ်။ ဒါက ဘောလုံးအားကစားရဲ့ အလှတရားပါပဲ။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းတွေမှာ ဒီလိုပုံစံနဲ့အနိုင်ယူရတာကို ကျွန်တော် တကယ်ပျော်ပါတယ်” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်ယူကို အနိုင်ရခဲ့ခြင်းကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ သေချာသလောက်ဖြစ်သွားပြီဟု ပြောဆိုနေကြ သော်လည်း ဂွါဒီယိုလာက ငြင်းဆန်သွားခဲ့သည်။ “အခုမှ ဒီဇင်ဘာပဲ ရှိပါသေးတယ်။ ချန်ပီယံဖြစ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အခြေအနေကတော့ တော်တော်လေး ကောင်းသွားပါပြီ” ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required