သေနတ်ဖြင့်ချိန်သည်ဆိုသည့် ဆယ်ကျော်သက်လူမည်းတစ်ဦးကို ရဲများက ပစ်သတ်ပြီးနောက် စိန့်လူးဝစ်တွင် လူမျိုးရေးဆူပူမှုများဖြစ်ပေါ်

သေနတ်ဖြင့်ချိန်သည်ဆိုသည့် ဆယ်ကျော်သက်လူမည်းတစ်ဦးကို ရဲများက ပစ်သတ်ပြီးနောက် စိန့်လူးဝစ်တွင် လူမျိုးရေးဆူပူမှုများဖြစ်ပေါ်

စိန့်လူးဝစ်၊ သြဂုတ် ၂၀ ။         ။ အမေရိကန်နိုင်ငံ စိန့်လူးဝစ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အားသေနတ်ဖြင့်ချိန် သည်ဆိုသည့် ဆယ်ကျော်သက်လူမည်းတစ်ဦးကို အသေပစ်သတ်လိုက်ရာ ရဲတပ်ဖွဲ့ဝင် များမှာဒေါသထွက်နေသည့် လူအုပ်များနှင့် ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့်တစ်နှစ်က မစ်ဆူရီပြည်နယ်ရှိ အခြားမြို့တစ်မြို့တွင် လက်နက်မပါသော ဆယ်ကျော်သက်လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့ကပစ်သတ် လိုက်ပြီးနောက် ပထမဆုံးဖြစ်ပေါ်ခဲ့သော လူမျိုးရေးတင်းမာမှု များမှာ နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရေးဝရမ်းတစ်ခုကို ဆောင်ရွက်နေစဉ် လူမည်းလူငယ်များသည် အိမ်တစ်အိမ်၏ နောက်ဖေးတံခါးမှ ထွက်ပြေးစဉ် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း စိန့်လူးဝစ်ရဲတပ်ဖွဲ့ အကြီး အကဲ ဆမ်ဒေါ်ဆင်က ပြောသည်။ ယင်းအိမ်၏ နောက်ဘေးလမ်းကြားတွင် အဆိုပါလူမည်းနှစ်ဦးကို ရပ်တန့်ရန် ရဲများက အမိန့်ပေးခဲ့သည်။ သို့သော် လူမည်းတစ်ဦးက ရဲများကို သေနတ်ဖြင့်ချိန်သဖြင့် ရဲများက သေနတ်ဖြင့် လေးချက်ပစ်လိုက်ရာ ၎င်းလူမည်းမှာ သေဆုံးသွားသည်ဟု ဒေါ်ဆင်ကဆိုသည်။

"စုံထောက်တွေက အဲဒီရပ်ကွက်ထဲမှာ သေနတ်တွေ၊ အကြမ်းဖက်အမှုကြီးတွေနဲ့ ပစ်မှုကျူးလွန်သူတွေကို ရှာနေခဲ့တာပါ"ဟု ၎င်းက ပြောသည်။ သေဆုံးသွားသည့် မသင်္ကာသူမှာ  အသက် ၁၈ နှစ်အရွယ် ရှိ မန်ဆာဘောလ်ဘီးဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က သိရှိထားသည်။ ဒုတိယလူငယ်မှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မကြာမီ လူအုပ်များသည် အနီးရှိ လမ်းဆုံးတစ်ခုတွင် စုဝေးခဲ့ကြပြီး ညနေခင်းဘက်တွင် နောက်တစ်ကြိမ်စုဝေးပြန်သည်။

ဆန္ဒပြသူအချို့သည် ရဲများကို အုတ်နီခဲများ၊ ဖန်ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲများကလည်း ဒိုင်းများဖြင့် ကာကွယ်ကာ မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်ဟု ဒေါ်ဆင်က သြဂုတ် ၁၉ရက်နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ထို့အပြင် ကားတစ်စီးမီးရှို့ခံရပြီး ဒေသခံလုပ်ငန်းတချို့မှာ လုယက်ရန်ကြိုပမ်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း ၎င်းကဆိုသည်။ လူကိုးဦးအား ယာဉ်ကြောပိတ်ဆို့မှု၊ ဖမ်းဆီးခြင်းအားခုံခံမှုတို့ဖြင့် တရားစွဲထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဘောလ်ဘီး၏ သေနတ်မှာ အခင်းဖြစ်ရာနေရာတွင် တွေ့ရှိခဲ့သော ခိုးယူထားသည့် သေနတ်သုံးလက်မှ တစ်လက်ဖြစ်သည်ဟု ဒေါ်ဆင်က သတင်းထောက်များကို ပြောသည်။

ကုတ်ကင်းများလည်း တွေ့ရသည်ဟု ရဲများကဆိုသည်။ ပစ်ခတ်ခဲ့သော ရဲတပ်ဖွဲ့ဝင်များမှာ အသက် ၃၃နှစ်နှင့် အသက် ၂၉ နှစ်ရှိ လူဖြူများဖြစ်ပြီး ရဲတပ်ဖွဲ့တွင် လုပ်သက် ခုနှစ်နှစ်ရှိပြီဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required