လွှတ်တော်ကိုယ်စားလှယ်တွေကို သမင်မွေးရင်း ကျားစားရင်းဖြစ် ပါလိမ့်မယ် (ဦးနေဝင်းထွန်း)

လွှတ်တော်ကိုယ်စားလှယ်တွေကို သမင်မွေးရင်း ကျားစားရင်းဖြစ် ပါလိမ့်မယ် (ဦးနေဝင်းထွန်း)

မဲဆန္ဒရှင် ၁ရာခိုင်နှုန်း၏ တိုင်တန်းမှုဖြင့် သက်ဆိုင်ရာ လွှတ်တော်အမတ်တစ်ဦးဦးကို လွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းခွင့်ရှိမည်ဆိုပါက `လွှတ်တော်ကိုယ်စားလှယ်များကို သမင်မွေးရင်း ကျားစားရင်းဖြစ် ပါလိမ့်မယ်´ ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ လွှတ်တော်အမတ် ဦးနေဝင်းထွန်းက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုသင့်၊ မသင့်ဆွေးနွေး စဉ် ထည့်သွင်းပြောဆိုသွားသည်။

တပ်မတော်သားအမတ်ဖြစ်သူ ဗိုလ်မှူးချုပ်တင့်ဆန်းကမူ အဆိုပါ ဥပဒေကြမ်းအား အမြန်ဆုံးပြဌာန်းသင့်သည်ဟု ဆွေးနွေးသွားသည်။

လက်ရှိတွင် လွှတ်တော်အစည်းအဝေးအား မိနစ် ၂၀ခန့်ရပ်နားထားပြီး လွှတ်တော်အမတ် ၁၅ဦး ဆွေးနွေးပြီးချိန်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required