စက်ဘီးတစ်စီးအား YBS ၃၆ ယာဉ်တစ်စီးမှ ဝင်တိုက်ပြီး ထွက်ပြေး

စက်ဘီးတစ်စီးအား YBS ၃၆ ယာဉ်တစ်စီးမှ ဝင်တိုက်ပြီး ထွက်ပြေး
ဓာတ်ပုံ- ကိုထင်လင်းအောင်

 

 ရန်ကုန်၊ ဒီဇင်ဘာလ ၁၁ ။              ။  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ ညောင်ပင်မှတ်တိုင်အနီးတွင် မိသားစု ၃ ဦးစီးနင်း လာသော စက်ဘီးတစ်စီးအား YBS ၃၆ ယာဉ်တစ်စီးမှ ဝင်တိုက်ပြီး ထွက်ပြေးသွားကြောင်း သွားရောက်ကူညီ ခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ YBS ၃၆ ယာဉ်မှ စက်ဘီးအား ဝင်တိုက်မှုမှာ ဒီဇင်ဘာလ ၁ဝ ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဝင်တိုက်မှုဖြစ်ပွားပြီးနောက် YBS ၃၆ မှ ယာဉ်မောင်းဖြစ်သူမှာ ယာဉ်အား မောင်းနှင် ထွက်ပြေးသွားကြောင်းသိရသည်။

 ထိုသို့ ယာဉ်တိုက်မှုကြောင့် စက်ဘီးပေါ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ များရရှိခဲ့ ကြောင်း သိရသည်။

“ ညနေဘက်လောက်မှာ ဖြစ်သွားတာပေါ့။ စက်ဘီးကို ဝင်တိုက်ပြီးတော့ ပြေးသွားတယ်လို့ သိရတယ်။ ယာဉ် မောင်းရော၊ ကားရော ထွက်ပြေးသွားတယ်။ ကားနံပါတ်တော့ မရလိုက်ဘူး။ တိုက် သွားတဲ့ကားက YBS ၃၆ ပါ။ စက်ဘီးပေါ်က အမျိုးသမီးကတော့ လက်မှာ ပေါက်ပြဲဒဏ်ရာရရှိသွားတယ်။ ကျန် တဲ့ကလေးတွေကတော့ ထိခိုက်ဒဏ်ရာမရကြပါဘူး။ ရဲကတော့ ကားနံပါတ်လည်းမရလိုက်တော့ YBS ၃၆ ယာဉ်လိုင်းမှာ သွားစစ်တယ် လို့ကြားတယ်”ဟု ကိုထင်လင်းအောင်ကပြောသည်။

 အဆိုပါ ပေါက်ပြဲဒဏ်ရာများရရှိခဲ့သော အမျိုးသမီးအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required