ပရီးမီးယားလိိဂ်ချန်ပီယံလုပွဲမှာ ပြီးဆုံးသလောက်ဖြစ်သွားပြီဟု မော်ရင်ဟို ပြော

ပရီးမီးယားလိိဂ်ချန်ပီယံလုပွဲမှာ ပြီးဆုံးသလောက်ဖြစ်သွားပြီဟု မော်ရင်ဟို ပြော

ဒီဇင်ဘာ ၁၁၊ အင်္ဂလန် ။           ။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် မန်ယူနည်းပြ မော်ရင်ဟိုက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ ပြီးဆုံးသလောက်ဖြစ်သွားခဲ့ပြီဟု ပြောဆိုုလိုက်သည်။

မန်ချက်စတာဒါဘီပွဲစဉ်တွင် ဆေးလ်ဗားက မန်စီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ရက်ဖို့ဒ်က မန်ယူအတွက် ပြန်လည်ချေပပေးခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် အော်တာမန်ဒီက မန်စီးတီးအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည့်အတွက် မန်ယူတို့အိမ်ကွင်းတွင် ရှုံးပွဲကြုံခဲ့ရသည်။

ပွဲအပြီးတွင် ချန်ပီယံဆုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ မော်ရင်ဟိုက ပြီးဆုံးသလောက်ဖြစ်သွားပါပြီဟု ဖြေကြားခဲ့သည်။ “မန်စီးတီးအသင်းက တကယ်ကောင်းတဲ့ အသင်းဖြစ်ပေမယ့် သူတို့ရဲ့ ကံကလည်း တကယ်ကောင်းခဲ့ပါတယ်။ ဘောလုံးနတ်ဘုရားက သူတို့နောက်မှာ ရှိနေပြီး သူတို့ကို ကာကွယ်ပေးထားပါတယ်။ ဒိုင်ရဲ့ တစ်ချို့ဆုံးဖြတ်ချက်တွေကလည်း သူတို့ကို အသာရစေခဲ့ပါတယ်။ သူတို့ရသွားတဲ့ နှစ်ဂိုးစလုံးက လွယ်လွယ်ကူကူရသွားခဲ့တာပါ” ဟု မော်ရင်ဟိုက ဆိုသည်။

မန်စီးတီးအသင်းမှာ လက်ရှိတွင် ဒုတိယနေရာက မန်ယူနှင့် ၁၁ မှတ်ကွာဟသွားပြီဖြစ်ပြီး ရာသီဝက်ချန်ပီယံဖြစ်ရန် သေချာသွားပြီ ဖြစ်သည်။

အသင်းတိုင်းက မန်စီးတီးအသင်းအမှတ်လျော့အောင် ကြိုးစားကြမှာ ဖြစ်သော်လည်း ယခုနိုင်ပွဲမှာ ၎င်းတို့အတွက် အလွန်ကောင်းသည့်နိုင်ပွဲ ဖြစ်သွားခဲ့ပြီဟု မော်ရင်ဟိုက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly