လုံခြံုရေးဏ္ဍဆွေးနွေးရန် အပစ်ရပ် ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တွေ့ရန်စီစဉ်နေ

လုံခြံုရေးဏ္ဍဆွေးနွေးရန် အပစ်ရပ် ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တွေ့ရန်စီစဉ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။             ။ NCA အပစ်ရပ်လက်မှတ်ထိုးထားသော ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ လုံခြံုရေးဏ္ဍနှင့် ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ စီစဉ်ဆောင်ရွက်နေကြာင်း ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြံုရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ေသော်လည်း တွေ့မည့်နေရာနှင့် အချိန်ကိုမှုပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

“ အစိုးရရော တပ်မတော်ရော လုံခြံုရေးဏ္ဍကိစ္စပါ။ လုံခြံုရေးဏ္ဍက ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူပြီး ဆွေးနွေးဖို့ကျတော့ အလွတ်သဘောက ပိုကောင်းမယ်ဆိုပြီး ကျွန်တော်တို့ဘက်က ပြင်ဆင်တာပါ။ ချင်းမိုင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လူကြီးတွေနဲ့တင်ပြပြီးတော့ နောက်ဆုံးခွင့်ပြုချက်ရမှ တပ်ဖက်ကို အကြောင်းကြားသွားမယ်ခင်ဗျ “ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မပြုလုပ်မှီ အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် (၈) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် ကိုယ်စားလှယ် ၆ ဦး ဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးထားသည့်ရှစ်ဖွဲ့၊ မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ (UNFC) တို့မှ ထိပ်ပိုင်းခေါင်း ဆောင်အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြသေးသည်။

NCA အပေါ် လက်ရှိ အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required