အသင်းတွင် အမှန်တကယ်ကြိုးစားသည့် ကစားသမားများကိုသာ နေရာပေးမည်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ပြောကြား

အသင်းတွင် အမှန်တကယ်ကြိုးစားသည့် ကစားသမားများကိုသာ နေရာပေးမည်ဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ပြောကြား

မက်ဒရစ်၊ ဒီဇင်ဘာ ၁၂ ။             ။ အက်သလက်တီကိုအသင်း၏ နည်းပြ ဆီမြွန်နီက အမှန်တကယ်ကြိုးစားသည့် ကစားသမားများအတွက်သာ အသင်းတွင် နေရာရှိသည်ဟု ပြောကြားသွားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းကြောင့် ကစားသမားများ၏စွမ်းဆောင်မှုကို ပရိသတ်များ စိတ်ပျက်လျက်ရှိသည်။ ထို့ကြောင့် ဆီမြွန်နီက ''ကိုယ့်ကိုကိုယ်တိုးတက်ဖို့ မကြိုးစားဘူးဆိုရင် အသင်းမှာ နေရာရမှာ မဟုတ်ပါဘူး'' ဟု ပြောကြားသွားခဲ့သည်။

ဆက်စပ်သတင်းများအရ ဖခင်ဖြစ်သူမှာ ၄င်းကို အာဂျင်တီးနားအသင်းအား နည်းပြအဖြစ် ကိုင်တွယ်ရန် တောင်းဆိုခဲ့ကြောင်း ဆီမြွန်နီက TyC Sports နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆီမြွန်နီီက ''ကျွန် တော့်ရဲ့အဖေက သူမသေခင်မှာ ကျွန်တော့်ကို အာဂျင်တီးနားနည်းပြအဖြစ် မြင်တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်'' ဟု ဆိုခဲ့သည်။

ရည်ညွှန်း - မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required