လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောခြင်းမှာ လက်တွေ့မကျကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါး ဖွင့်ဟ

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောခြင်းမှာ လက်တွေ့မကျကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါး ဖွင့်ဟ

လန်ဒန်၊ ဒီဇင်ဘာ ၁၂ ။           ။ ယခုအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောဆိုခြင်းမှာ လက်တွေ့မကျကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည်  ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)ပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် (၁၅)မှတ်ကွာဟနေသည်။ ပွဲစဉ်(၁၅)ပွဲသာရှိသေးသော်လည်း အာစင်ဝင်းဂါးက ချန်ပီယံဆုအတွက် လက်လျော့လိုက်သည့် အနေအထားမျိုးလည်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် ချန်ပီယံဖြစ်ရန် မလွယ်ကူသော်လည်း လိဂ်ရှုံးထွက်ဖလားတွင် ကွာတားဖိုင်နယ်သို့ တက် ရောက်သွားပြီ ဖြစ်သည်။ ယူရိုပါလိဂ်တွင်လည်း (၃၂)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

အာစင်ဝင်းဂါးက ''လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက် ချန်ပီယံဆုထက်ပိုပြီး စိုးရိမ်စရာ အခြားအနေအထားတွေ ရှိနေပါ တယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်း ပြောတာက အရမ်းကို ဝေးကွာလွန်းပြီး အလွန်လက်တွေ့မကျတဲ့လုပ်ရပ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ လာမယ့် ပွဲစဉ်မှာ အနိုင်ရအောင်ပဲ ကြိုးစားရမှာပါ။ နိုင်ပွဲတွေရရှိမှ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ'' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ၂၀ဝ၄ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်ပရိသတ်များကလည်း နည်းပြအာစင်ဝင်းဂါးကို ရာထူးက ထုတ်ပယ်ပြီး အသင်းကို အပြောင်းအလဲပြုလုပ်ရန် အလိုရှိနေကြသည်။ ပြီးခဲ့သည့်ရာသီကတည်းက တောင်းဆိုမှုများရှိခဲ့သော်လည်း အာဆင်နယ်အသင်းဘုတ်အဖွဲ့က ဝင်းဂါးကို(၂) နှစ်သက်တမ်းတိုးခဲ့သည်။ လက်ရှိအချိန်တွင် အာဆင်နယ်အ သင်းသည် ချန်ပီယံဆုရရှိရေးထက် အဆင့်(၄)အတွင်း ဝင်ရန်ကိုပင် ရုန်းကန်ရဖွယ် ရှိနေသည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required