နျူကလီးယားခြိမ်းခြောက်မှုများအား အရှိန်လျှော့ချရန် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကို နိုဘယ်ငြိမ်းချမ်း ရေးကဝိ တိုက်တွန်း

နျူကလီးယားခြိမ်းခြောက်မှုများအား အရှိန်လျှော့ချရန် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကို နိုဘယ်ငြိမ်းချမ်း ရေးကဝိ တိုက်တွန်း

အော်စလို၊ နော်ဝေး၊ ဒီဇင်ဘာ ၁၀ ။            ။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ရွေးချယ်ခံထားရသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICAN) ၏အကြီးအကဲဖြစ်သူက အမေရိကန်နှင့်မြောက်ကိုရီးယားတို့အနေဖြင့် မြင့်တက်လာ သော တင်းမာမှုများကိုလျှော့ချရန်နှင့် လူသားများစွာကို သေကြေပျက်စီးစေနိုင်သော လက်နက်များနှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ပစ်ဖို့ စနေနေ့က တောင်းဆိုခဲ့သည်။

“လက်ရှိအချိန်မှာ အရေးပေါ်ခြိမ်းခြောက်မှုတွေ ဖြစ်ပွားနေပါတယ်” ဟု ICAN အဖွဲ့၏အကြီးအကဲဖြစ်သူ ဘိတ်တရစ်ဖင်းန်က အော်စလိုမြို့၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒီခြိမ်းခြောက်မှုတွေကို ရပ်တန့်ပစ်ဖို့ နှစ်ဖက်ခေါင်းဆောင်များကို ကျနော်လေးလေးနက်နက် တောင်းဆိုပါ တယ်။ အရပ်သားတွေ သိန်းနဲ့ချီပြီးအသက်ဆုံးရှုံးနိုင်တဲ့ လူသားဖျက်လက်နက်တွေကို အသုံးချပြီးတော့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာကို ရပ်တန့်ပစ်ကြပါ။ နှစ်ဦးနှစ်ဖက်အပြန်အလှန် စေ့စပ်ညှိုနှိုင်းပြီး အဖြေ ရှာကြပါ။ ပြီးတော့ နျူကလီးယားလက်နက်တွေအားလုံးကို ဖျက်သိမ်းပစ်ကြပါ” ဟု သူက ပြောခဲ့သည်။

မြောက်ကိုရီးယားတို့ဘက်မှ နျူကလီးယားစမ်းသပ်မှုများနှင့် ပဲ့ထိန်းတပ်ဒုံးပျံပစ်လွှတ်မှုများကို ဒေသတွင်း၌ စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်နေသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏   ခြိမ်းခြောက်မှုနှင့်အပြိုင် လုပ်ဆောင်နေသည့်အတွက် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာလျက်ရှိသောကြောင့် ယခုလိုပြောဆိုခြင်းဖြစ်သည်။

“နျူကလီးယားလက်နက်တွေကို ဘယ်တော့မှအသုံးမပြုဖို့နဲ့ စေ့စပ်ညှိုနှိုင်းကြဖို့ နှစ်ဖက်ခေါင်းဆောင်တွေကို ကျနော်ထပ်ခါတလဲလဲ တောင်းဆိုနေပါတယ်” ဟုလည်း ဟီရိုရှီးမားအဏုမြူဗုံးကြဲမှု၌ အသက်ရှင်ကျန်ရစ်ခဲ့သူ ICAN အဖွဲ့ဝင် ဆက်ဆုကိုဆာလိုးက ပြောခဲ့သည်။

ယခုအခါတွင် ကနေဒါနိုင်ငံ၌နေထိုင်နေသော အသက် ၈၅နှစ်အရွယ်ရှိ ဆက်ဆုကိုဆာလိုးနှင့် ဘိတ်တရစ်ဖင်းန် တို့သည် ကမ္ဘာကြီး၌ နျူကလီးယားလက်နက်ကင်းစင်အောင် ICAN အဖွဲ့နှင့်အတူ ဆောင်ရွက်နေသည့်အတွက် တနင်္ဂနွေနေ့တွင် ယင်းအဖွဲ့ကိုယ်စား နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required