ဂျေရုစလမ်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးရန် ထရမ့်အား အာရပ်ဝန်ကြီးများတောင်းဆို

ဂျေရုစလမ်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပေးရန် ထရမ့်အား အာရပ်ဝန်ကြီးများတောင်းဆို

ကိုင်ရို၊ အီဂျစ်၊ ဒီဇင်ဘာ ၁၀ ။             ။ ဂျေရုစလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြုမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ် ချက်ကို ပယ်ဖျက်ပေးရန် အာရပ်နိုင်ငံခြားရေးဝန်ကြီးများက စနေနေ့၌တောင်းဆိုခဲ့ကြပြီး နိုင်ငံတကာအသိုင်း အဝိုင်းအနေနှင့်လည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပေးဖို့ တိုက်တွန်းခဲ့ကြသည်။

ကိုင်ရိုမြို့တွင်ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေး၌ အာရပ်အဖွဲ့ချုပ်မှ နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်ပြည်ထောင်စုသည် ယခုလိုမျိုးအငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းကြားရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြားဝင်စေ့စပ်ပေးသူနှင့် ထောက်ပံ့ပေးသူအဖြစ်မှ နှုတ်ထွက် သွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

အာရပ်ကမ္ဘာနှင့် နိုင်ငံတကာ၏ဝေဖန်မှုကိုရင်ဆိုင်နေရသော အမေရိကန်တို့၏ဆုံးဖြတ်ချက်ကို တုံ့ပြန်ရန် အတွက် အာရပ်ဝန်ကြီးများသည် ကိုင်ရိုမြို့ရှိအဖွဲ့ချုပ်၏ဌာနချုပ်၌ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ် သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ရှုံ့ချသလို ပြင်းပြင်းထန်ထန်လည်းဝေဖန်ကြောင်း အာရပ် အဖွဲ့ချုပ်၏ အကြီးအကဲဖြစ်သူ အာမက်အဘူလ်ဂီယက်က အစည်းဝေးပွဲစတင်ချိန်၌ ၀န်ကြီးများကို ပြောခဲ့သည်။

ဂျေရုစလမ်မြို့နှင့်ပက်သက်၍ ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်အား အမေရိကန်တို့ဘက်မှ ပယ်ဖျက်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့်လည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပေးဖို့နှင့် ဂျေရုစလမ်မြို့အရှေ့ပိုင်းကို ၄င်း၏မြို့တော်အဖြစ် သတ်မှတ်ပေးဖို့ တိုက်တွန်းသွားရန် အာရပ်ဝန်ကြီးများက သဘောတူခဲ့ကြသည်။

ဒါ့အပြင်သူတို့သည် ကုသလသမဂ္ဂလုံခြံုရေးကောင်စီကိုသွားရောက်ပြီး အမေရိကန်တို့၏ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တိုင်တန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဒေါ်နယ်ထရမ့်သည် ဂျေရုစလမ်မြို့တော်အား အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ် ပြုမည်ဟု ကြေညာခဲ့ပြီးနောက်တွင် သောကြာနေ့ကကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြံုရေးကောင်စီအရေးပေါ် အစည်းအဝေးပွဲ၌ အဖွဲ့ဝင်တိုင်း၏ ပြစ်တင်ဝေဖန်မှုနှင့်ရင်ဆိုင်ခဲ့ရသလို ပါလက်စတိုင်းနယ်မြေများ၌လည်း အချင်းများမှုများ ပေါ်ပေါက်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required