အဆိုတော် ၀ိုင်းစုခိုင်သိန်း၏ Birthday Show လက်မှတ်များ ရောင်းချနေ

အဆိုတော် ၀ိုင်းစုခိုင်သိန်း၏ Birthday Show လက်မှတ်များ ရောင်းချနေ

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။         ။ အဆိုတော် ၀ိုင်းစုခိုင်သိန်းသည် ၎င်း၏ ဒုတိယမြောက်မွေးနေ့ အမှတ်တရတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေပွဲ အတွက် လက်မှတ်များကို ရောင်းချ နေပြီ ဖြစ်သည်။

ဒုတိယမြောက် တစ်ကိုယ်တော် ရှိုးပွဲ ကျင်းပပြုလုပ်မည့် ဒီဇင်ဘာ ၂၄ရက် သည် အဆိုတော် ၀ိုင်းစုခိုင်သိန်း ၏ မွေးနေ့လည်း ဖြစ်သည့် အတွက် မွေးနေ့တွင် အမှတ်တရအဖြစ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ် ခြင်းလည်း ဖြစ်သည်။

အဆိုတော် ၀ိုင်းစုခိုင်သိန်း သည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ် ၌ ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုတစ်ခါ သည် ဒုတိယမြောက် ကျင်းပပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်သည်။

Birthday Show လက်မှတ်များကို ဒီဇင်ဘာ ရ ရက်မှ စတင်ပြီး ရောင်းချနေပြီ ဖြစ်သလို လက်မှတ် စျေးနှုန်း များကို VVIP လက်မှတ် တစ်စောင်လျှင် ၁ သိန်းကျပ် ၊ Pink VIP လက်မှတ် တစ်စောင်လျှင် ရ သောင်းကျပ် ၊  
Blue VIP လက်မှတ် တစ်စောင်လျှင် ၅ သောင်းကျပ် ၊ Green VIP လက်မှတ် တစ်စောင်လျှင် ၃ သောင်းကျပ် ၊
GA(Stand) လက်မှတ် တစ်စောင်လျှင် ၁ သောင်းကျပ်ဖြင့် သတ်မှတ်ထားသည်။

အဆိုတော် ၀ိုင်းစုခိုင်သိန်းသည် ၎င်း၏ Birthday Show ကို ရန်ကုန် အပြင် မန္တလေးတွင်လည်း ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်တွင် ဒီဇင်ဘာ ၂၄ ရက်၌ သုဝဏ္ဏဘူမိကွင်းတွင် ပြုလုပ်မည် ဖြစ်ပြီး မန္တလေးတွင် ဇန်နဝါရီ ၁၆ ရက်၌ Golden City Event Park တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

၎င်း၏ ဂါ တေးအယ်ဘမ် Music Video အခွေ ပရိုမိုးရှင်းပွဲကိုလည်း ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ် ပြီး ရန်ကုန်တွင် ဒီဇင်ဘာ ၁၆ ရက်၌ လှည်းတန်းစင်တာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကာ ဒီဇင်ဘာ ၁၇ ရက်မှာတော့ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး အိုးရှင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly