ဂါဇာကမ်းမြှောင် ကမ်းလွန်တွင် အစ္စရေးမော့ဆတ်၏ သူလျှိုလင်းပိုင်ကို ဟားမတ်စ်အဖွဲ့က ဖမ်းဆီး

ဂါဇာကမ်းမြှောင် ကမ်းလွန်တွင် အစ္စရေးမော့ဆတ်၏ သူလျှိုလင်းပိုင်ကို ဟားမတ်စ်အဖွဲ့က ဖမ်းဆီး
ဂါဇာကမ်းမြှောင်ကမ်းလွန် သူလျှိုလင်းပိုင်။ ဓာတ်ပုံ - ပရပ်စ်တီဗီ။

ဂါဇာကမ်းမြှောင်၊ သြဂုတ်-၂၀ ။        ။ ဂါဇာကမ်းမြှောင်ကမ်းလွန်တွင် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားသည့် လင်းပိုင်တစ်ကောင်ကို ပါလက်စတိုင်း တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ် က ဖမ်းမိခဲ့သည်။

ပိတ်ဆို့ခံထားရသည့် ဂါဇာကမ်းမြှောင်တွင် အခြေစိုက်သော ပါလက်စတိုင်းမီဒီယာများ၏ သြဂုတ်လ ၁၉ရက်နေ့ သတင်းများအရ သူလျှိုလင်းပိုင်ကို လွန်ခဲ့သည့်ရက်အနည်းငယ်က ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကြောင့် ဟားမတ်စ်ကွန်မန်ဒိုများက သတိထားမိသွားပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လင်းပိုင်၏ ခန္ဓာကိုယ်တွင် အသေးစားထောက်လှမ်းရေးကင်မရာနှင့်အတူ မြားငယ်လေးများ ပစ်ခတ်နိုင်စွမ်းရှိသည့် အဝေးထိန်း စောင့်ကြည့်ကိရိယာကိုပါ စည်းနှောင် တပ်ဆင်ပေးထားသည်ဟု ဆိုသည်။ မြားငယ်လေးများမှာ လူတစ်ယောက်ကိုပင် သေစေနိုင်လောက်အာင် ပြင်းထန်သည်ဟု ဆိုသည်။

ဟားမတ်စ် ရေတပ်ကွန်မန်ဒိုများ၏ လှုပ်ရှားမှုနှင့် ရေပြင်ထဲတွင် လေ့ကျင့်မှုများကို သူလျှိုလင်းပိုင်အသုံးပြု၍ ခြေရာခံခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ဤလှုပ်ရှားမှုမှာ ဂါဇာကမ်းမြှောင် ကမ်းလွန်ပင်လယ်ပြင်ကို အစ္စရေးအစိုးရ ရေအောက်ထောက်လှမ်းရေး၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟုလည်း ပါလက်စတိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

အစ္စရေးက တိရစှ္ဆာန်များကို ထောက်လှမ်းရေးလှုပ်ရှားမှုများတွင် အသုံးပြုသည်မှာ ဤအကြိမ်သည် ပထမဆုံးမဟုတ်ပါ။ ၂၀၁၂ခုနှစ်ကလည်း မော့ဆတ်၏ ခြေရာခံ ထောက်လှမ်းစက်များ တပ်ဆင်ထား သည့် သိမ်းငှက်တစ်ကောင်ကို ဖမ်းမိခဲ့ဖူးသည်။

ပင်လယ်နီတွင် ခရီးသွားလုပ်ငန်းကို ထိခိုက်စေရန်ရည်ရွယ်၍ ကမ္ဘာလှည့်များကို သတ်ဖြတ်ရန် ငါးမန်းများကိုပင် မော့ဆတ်က ထိန်းချုပ်ခိုင်းစေခဲ့သည်ဟု အီဂျစ်အာဏာပိုင်များက ပြောကြားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required