ကွန်ဂိုတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်အဖွဲ့ဝင် ၁၅ ဦး အသတ်ခံရ

ကွန်ဂိုတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်အဖွဲ့ဝင် ၁၅ ဦး အသတ်ခံရ

 

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၉ ။               ။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းတပ်ဖွဲ့ တိုက်ခိုက်ခံရရာ ၁၅ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

ဒဏ်ရာရသူ သုံးဦးမှာ အခြေအနေ စိုးရိမ်ရပြီး တပ်သားသုံးဦး ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင် ခေါင်းဆောင် ဂျိမ်းပီးယားက သတင်းထောက်များအား ပြောသည်။

မြောက်ပိုင်း ကီဗူရှိ ကွန်ဂိုတည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းမှု ကုလသမဂ္ဂတပ် MONUSO စခန်းကို ဒီဇင်ဘာ ရ ရက်က ၎င်းတို့ကိုကို မဟာမိတ်ဒီမိုကရက်တပ်ဖွဲ့ဟု ကြွေးကြော်ထားသည့် အုပ်စုက လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုသို့ လာရောက်တိုက်ခိုက်မှုကြောင့် ၎င်းတိုက်ခိုက်ရေးသမားများနှင့် MONUSO တပ်တို့ကြား တိုက်ပွဲဖြစ်ပွားသည်။

မကြာသေးမီက သမိုင်းတစ်လျှောက် အဆိုးဆုံးတိုက်ခိုက်မှုဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောသည်။

“ကုလငြိမ်းချမ်းရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ခုလိုတိုက်ခိုက်တာက လက်သင့်ခံနိုင်စရာမရှိဘဲ စစ်ရာဇဝတ်မှုကျူးလွန်းခြင်းပဲဖြစ်ပါတယ်။”ဟု ဂူတာရပ်စ်က ပြောသည်။

MONUSCO တွင် စစ်သား နှစ်သောင်းနီးပါး ပါ၀င်ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required