လာမယ့် ဇန်နဝါရီလမှာ မြန်မာပြည်ရဲ့ ဇာတာခွင်အသစ်တစ်ခု ပေါ်ထွန်းလာမယ်

လာမယ့် ဇန်နဝါရီလမှာ မြန်မာပြည်ရဲ့ ဇာတာခွင်အသစ်တစ်ခု ပေါ်ထွန်းလာမယ်

နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုနဲ့ တွေ့ဆုံခြင်း အပိုင်း(၂)

မေး။  မြန်မာနိုင်ငံရဲ့ စီးပွားရေး နဲ့ နို်င်ငံရေး အခြေအနေတွေကိုလည်း ဆရာ့ပညာရပ်နဲ့ သုံးသပ်ပေးပါဦးရှင်။

ဖြေ။- ကျွန်တော်တို့  မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာမှာ ၁၉၄၈ ခု ဇန်နဝါရီလ ၄ရက် နံနက် ၄နာရီ ၂၀ မှာ ယူတယ်။လာမယ့် ၂၀၁၈ ဇန်နဝါရီ နံနက် ၄နာရီမှာ နှစ်ပေါင်းရ၀ တင်းတင်းပြည့်ပြီ။ ဒီလိုအချိန်မှာ မြန်မာပြည်ရဲ့ ဇာတာခွင်အသစ်တစ်ခု ပေါ်ထွန်းလာမယ်လို့ ကျွန်တော်တို့ ပညာရပ်တွေအရ မုချ ယုံကြည်ပါတယ်။ ဒီလိုပေါ်ထွန်းလာမယ့် အခြေအနေမှာ အားလုံး သိရမှာက နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ နိုင်ငံသူတွေ အားလုံးသိရမှာက လွတ်လပ်ရေးရယူခဲ့တဲ့ နေရာမှာ တိုင်းပြည်ကို ချမ်းသာကြီးပွားအောင် လွတ်လပ်ရေး ရယူလာခဲ့တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နန်းရင်းဝန် အောင်ဆန်းအက်တလီစာချုပ် ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ အချိန်မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးနု ကနေ ဘိလပ်ပြန်သွားပြီး တော့  နု- အက်တလီ စာချုပ်ကို ချုပ်ရတယ်။ ချုပ်ရတော့ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် အက်တလီနဲ့ ဗြိတိသျှအစိုးရက တိုင်းပြည်ကို လွတ်လပ်ရေး ပေးမပေး ဆိုတာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းမရှိလို့သာ သူ့ကိုယ်စား သွားရတာ။ ဟိုရောက်တော့မှ သေချာပေါက် လွတ်လပ်ရေး ပေးမယ်ဆိုတာ ဦးနုက သိတာ။ သိတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးဇာတာကို တွက်ခိုင်းတယ်။ အဲဒီခေတ်က ထင်ပေါ်ကျော်ကြားတဲ့ နက္ခတ်ပညာရှင် ငါးဦးလောက် တွက်ကြတယ်။အချိန် ၅ ချိန်ထွက်လာတယ်။ ထွက်လာတဲ့ အချိန် ၅ချိန်နဲ့ ပတ်သက်ပြီးတော့မှ ရွေးချယ်ဖို့ ခက်ခဲတယ်။ရွေးချယ်ဖို့ ခက်ခဲနေချိန်မှာ ဦးနု အရင်တုန်းက တွက်ဖူးတဲ့ ပဲခူးမြို့က ရွက်ပုန်းသီး ပညာရှင် ကျောင်းအုပ်ဆရာကြီး ဦးသက်တင်ဆိုတာ အနောက်တိုင်း အင်္ဂလိပ်ဗေဒင်ကို အရမ်းကျွမ်းတယ်။နက္ခတ်နဲ့ ပတ်သက်တာပဲ။ သူ့ဆီမှာ အခါသွားတောင်း တယ်။အခါသွားတောင်းတဲ့ နေရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားကိုပဲ ဗိုလ်လယျာင်္က သွားတောင်းတာ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက ကျွန်တော်တို့ လွတ်လပ်ရေးဆုံးရှံုးတာဟာ ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ လွတ်လပ်ရေးဆုံးရှံုးတာ။ ဒီတော့ ငါတို့ လွတ်လပ်ရေးရရင် ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ်ရှိဖို့ အရေးကြီးတယ်ပေါ့။ အဲဒီလိုပြောခဲ့တဲ့ စကားကို အဓိက အကြောင်းအရာအနေနဲ့့ အခါတောင်းတဲ့ အခါမှာလည်း မြန်မာနို်င်ငံကြီး လွတ်လပ်ရေးထာဝရ အဓွန့်ရှည် တည်မြဲဖို့နဲ့ ခေတ်မီပြီးတော့ တောင့်တင်းခိုင်မာတဲ့ တပ်မတော် တစ်ရပ် တည်ရှိဖို့ ဒီနှစ်ခုကိုပဲ ဟိုက်လို်က်ထားပြီးတော့ တွက်ခဲ့ကြတာ။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာမှာ တပ်မတော်အင်အား တောင့်တင်းစေမယ့် အင်္ဂါဂြိုလ်က ပါဝါအရှိဆုံးရာသီခွင် သိဟ်ရာသီခွင်မှာ ဆရာကြီးက နေရာချပေးလိုက်တယ်။ နောက်တစ်ခုက လွတ်လပ်ရေး အဓွန့်ရှည်တည်မြဲအောင်လည်း အင်္ဂါဂြိုလ်ကပဲ ကိုယ်စားပြုတော့ နှစ် ရ၀ ထိ  မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည် တည်မြဲလာတယ်။ ဒါပေမယ့် ရ၀ ပြည့်သွားရင် ဒီဇာတာရဲ့ ပါဝါက အင်အားပျော့သွားပြီ။အဲဒီတော့ နောက်ထပ် မြန်မာပြည်အတွက် စီးပွားရေးအင်အား ကောင်းမယ့် ဇာတာခွင်တစ်ခု ပေါ်ပေါက်ဖို့ အရမ်းကို အရေးကြီးတဲ့ အချိန်အခါကို ရောက်နေပြီ။ အဲဒီတော့ အရင် လွတ်လပ်ရေးယူတဲ့ ဇာတာက ချမ်းသာဖို့လည်း မဟုတ်ဘူး။ လွတ်လပ်ရေး တည်မြဲဖို့ လွတ်လပ်ရေး တည်မြဲအောင် ပံ့ပိုးပေးနို်င်မယ့် အင်အားခိုင်မာတောင့်တင်းတဲ့ တပ်မတော် အဖွဲ့အစည်းရှိဖို့ ဒါက အဓိကပဲ။ အဲဒီလို တည်ဆောက်ခဲ့တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ် ရ၀ ပြည့်လာတဲ့အထိ ချမ်းသာကြွယ်ဝမှုကို လုံလုံလောက်လောက် မရသေးဘူး။ နှစ် ရ၀ ပြည့်တဲ့အခါမှာ တိုင်းပြည်အတွက် ဇာတာခွင်အသစ်တစ်ခု   နှစ်အနည်းငယ်အတွင်းမှာ ပေါ်ပေါက်လာဖို့ရှိမယ်။ သေချာပေါက် ဖြစ်ပေါ်လာဖို့ရှိမယ်။ ထူးခြားချက်တစ်ခု ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတော်အလံတွေ ပြောင်းလဲ လွှင့်တင်ခဲ့တာပေါ့။ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာ လွတ်လပ်ရေးစရပြီးတော့ အသုံးပြုခဲ့တဲ့ နို်င်ငံတော် အလံကို ကျွန်တော်တို့က ပြောင်းပြီးတော့ ပုံစံတစ်ခု ပြောင်းပြီး အသစ် လွှင့်တင်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာလည်း နောက်ထပ် နိုင်ငံတော် အလံသစ်တစ်ခု ပြောင်းလဲလွှင့်တင်တယ်။ နိုင်ငံတော် အလံသစ်တွေ ပြောင်းလဲ လွှင့်တင်တဲ့ နေရာမှာ ပြောရရင် တို်င်းပြည်ဇာတာကို ပြောင်းဖို့ ကြိုးစားကြတာပေါ့။ တိုင်းပြည်ရဲ့ ဇာတာကတော့ ပြောင်းလဲမသွားဘူး။ ဒီအတိုင်းပဲ Influence ရှိနေတယ် ။ ဒီတစ်ချိန် တို်င်းပြည်ကို ဇာတာခွင်ပြောင်းမယ်ဆိုရင် တိုင်းပြည်ရဲ့ အလံရော တိုင်းပြည်ရဲ့ အမည်နာမပေါ့။ အမည်နာမပြောင်းတယ်ဆိုတာလည ်း မူလ မြန်မာ ဆိုတဲ့ စကားလုံးကိုတော့ ဖျောက်ဖျက်လို့ မရဘူး။ဒီမြန်မာရဲ့ ရှေ့မှာ ဘာထည့်မလဲ။ဘယ်လို စကားလုံးတွေ ထည့်မလဲ။ ဒါကိုပဲ ဖြည့်စွက်ဖို့ပဲ လိုအပ်တာပေါ့။ဒီကမ္ဘာပေါ်မှာလည်း တိုင်းပြည်ရဲ့ အမည်နာမကို ပြောင်းလဲခဲ့တာတွေ အများကြီးပဲ။ ဒါက ဇာတာခွင်တွေကို အသစ်ပြန်ပြီး တည်ဆောက်ခဲ့ကြတယ်ပေါ့။ တိုင်းပြည်ရဲ့ ဇာတာခွင်တစ်ခု ပြောင်းလဲမှုဖြစ်လာတဲ့အခါမှာတော တိ်ုင်းပြည်ရဲ့ စီးပွားရေးဖွ့ံဖြိုးတိုးတက်မှုကို အဓိက ထားပြီးတော့ စဉ်းစားကြံဆောင်တဲ့ နို်ငငံတော် ဇာတာသစ် ပြန်ပြီး ဖြစ်ပေါ်လာပါမယ်။

မေး။  မဝေးတော့တဲ့ ၂၀၁၈ မှာရော မြန်မာနိုင်ငံက ဘယ်လိုများ ဖြစ်ပေါ်လာနိုင်ပါမလဲရှင့်။

ဖြေ။ -၂၀၁၈ ထဲမှာတော့ အောက်တိုဘာ မတိုင်ခင်ထိကတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဂြိုလ် ရပ်တည်မှု အားမကောင်းသေးဘူး။ စီးပွားရေးကတော့ ကြီးကြီးမားမား တိုးတက်ပြောင်းလဲဖို့ မရှိသေးဘူး။ စီးပွားရေး မှာ အနှောင့်အယှက် အတားအဆီး တချို့ ကြံုတွေ့ရနိုင်တယ်။ နောက်တစ်ခုက ၂၀၁၈ အောက်တိုဘာ ကျော်ပြီးရင်တော့ စီးပွားရေး လုပ်ငန်းတွေ ပြန်ပြိး ဦးမော့လာမယ်။ အိမ်ခြံမြေ စျေးကွက်တွေ ပြန်ပြီး အသက်ဝင် လှုပ်ရှားလာမယ်။ လူတို့ရဲ့ စားဝတ်နေရေးတွေလည်း အထိုက်အလျောက် စပြီးတော့ အဆင်ပြေလာမယ်ပေါ့။ အဲဒီလို ပြေလည်ဖို့အတွက်လည်း အစိုးရမှာ တကယ်အလုပ်လုပ်နိုင်တဲ့သူတွေကို ပြောင်းပြီးတော့မှ တာဝန် အသီးသီး ပေးပြီးတော့မှ ပြန်တည်ဆောက်တာမျိုးတွေ ရှိနို်င်တယ်။ နိုင်ငံတော် ဇာတာသစ်ပြန်လည် မွေးဖွားခြင်း ဆိုတာကတော့ အဓိကကတော့ မင်းပြောင်းမင်းလွဲဖြစ်မယ့်ဟာကို ကျွန်တော်တို့ရဲ့ နက္ခတ်ပညာရပ်အရ အပြောင်းအလဲတစ်ခု ဖန်တီးတာပေါ့။ ၁၉၈၈ လို ဖြစ်လာမယ့်ဟာကို အစိုးရအနေနဲ့က တိုင်းပြည်ရဲ့ နိုင်ငံတော်အလံ တိုင်းပြည်ရဲ့ အမည်နာမတွေကို ပြောင်းတယ်ဆိုရင် မင်းပြောင်းမင်းလွဲဖြစ်မယ့် အခြေအနေ အစိုးရပြောင်းလဲမယ့်အခြေအနေကနေ ကျော်လွှားနိုင်မယ့် အခြေအနေတွေ အများကြီး ရှိမယ်။ ရာခိုင်နှုန်းပြည့်ကတော ့ ပြောလို့မရဘူး။ ဒါပေမယ့် ဒီလိုအခြေအနေကနေ ဒီလိုအပြောင်းအလဲကြောင့် အများကြီး လွတ်မြောက်သွားနိုင်တယ်။ဒီလို လွတ်မြောက်ဖို့ ဖန်တီးပုံဖော်ခြင်း ကြံဆောင်ခြင်းဆိုတာကလည်း ပြည်သူလူထုဖြစ်စေချင်တဲ့ ဆန္ဒကို ဖန်တီးပုံဖော်တာပဲ။ ပြည်သူလူထုကတော့ တိုင်းပြည်မှာ တပ်မတော်ရဲ့ အုပ်ချုပ်မှုကို နှစ် ၂၀ ကျော် ခံခဲ့ရတယ်။ ဟိုးအရင်ကလည်း နှစ်ပေါင်း၂၀ ကျော် ခံခဲ့ရတယ်ဆိုတော့ အပြောင်းအလဲကို လိုလားနေတာ။ ကျွန်တော်တို့ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြည်သူတစ်ဦးပဲ။ ဒီလို လိုလားနေတဲ့ဟာ ဒီလိုလားမှုကို ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို NLD နိုင်တဲ့ အဖြေကနေ ပြခဲ့တာပဲ။ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနို်င်ငံအတိုင်း ဆက်သွားနိုင်ဖို့က လက်ရှိ တာဝန်ယူနေတဲ့ အစိုးရမှာ ရှေ့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အခက်အခဲတွေ အတားအဆီးတွေကို ကျွန်တော်တို့က ပြည်သူ့ကိုယ်စား တာဝန်ယူပြီးတော့မှ စီစဉ်ဆောင်ရွက်ပေးရမှာပေါ့။တိုင်းပြည်ရဲ့ အမည်နဲ့ အလံပြောင်းဖို့ ဆိုတာ ပါတီ တည်တံ့ခိုင်မြဲဖို့ ပြောနေတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ ဆက်ပြိးတော့ ခိုင်ခိုင်မာမာရှင်သန် တည်မြဲနေဖို့အတွက် ကျွန်တော်တိူ့က ပြောင်းလဲခြင်းဖြစ်တယ်။ ဒါကို ပြည်သူတွေဘက်က နားလည်ဖို့ လိုအပ်တယ်။ တာဝန်ရှိတဲ့ အစိုးရဘက်ကလည်း အမြင်ရှင်းဖို့ လိုအပ်တယ်။ ပြောရရင်တော့ မင်းနဲ့ ပြည်သူ ညီညီမျှမျှှ တွေးခေါ်ဆုံးဖြတ် ဆောင်ရွက်မှုတွေ တိုင်မင်ကိုက်မှပဲ တိုင်းပြည်က တိုးတက်ကြီးပွား အောင်မြင်မှုတွေ အများကြီး ရရှိလာမှာ ဖြစ်ပါတယ်။

မေး။  အဲဒီတော့ နက္ခတ်ဗေဒပညာရပ်က အလုံးစုံအပေါ်မှာ မူတည်နေပါသလား။ဆိုလိုတာက ဒီ နက္ခတ်ဗေဒ ပညာရပ်က အရာအားလုံးနဲ့ အတူ ယှဉ်တွဲတည်ရှိနေတာပါလား။

ဖြေ။ -ဒီမေးခွန်းက ယုံကြည်သူ မယုံကြည်သူ ကြားထဲမှာ မကြာခဏ ဖြေရလေ့ရှိတာပေါ့။ဘာလို့ ကျွန်တော်တို့ကို နက္ခတ်ဗေဒပညာလေ့လာလဲလို့ မေးလာရင် ကျွန်တော်တို့လည်း မယုံကြည်လို့ လေ့လာခဲ့တာပေါ့။ကျွန်တော်တို့လည်း ခေတ်ပညာတွေ အများကြီးတက်အောင် ကြိုးစားကြံဆောင်ခဲ့တဲ့သူ နောက်ပြီး  တပ်မတော်မှာလည်း တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့တဲ့သူပေါ့။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်တုန်းက ယုံကြည်လားလို့ မေးလာခဲ့ရင် မယုံကြည်တဲ့ ပညာပဲ။ မယုံကြည်လို့ လေ့လာရင်း လေ့လာရင်းနဲ့မှ ဒီလမ်းကြောင်းပေါ်မှာ ပိုပိ်ုပြီးတော့ လျှိူ့ဝှက်ချက်တွေ သိလာတယ်။ ဒီလျှို့ဝှက်ချက်တွေကိုူ ဖော်ထုတ်တဲ့နေရာမှာ ပိုပိုပြီးတော့ အောင်မြင်မှုတွေ ရလာတယ်။ ဒီပညာရပ်က ကျွန်တော် ဖန်တီးတာလည်း မဟုတ်ဘူး။ ကျွန်တော့ရှေ့က ဆရာကြီးတွေ ဖန်တီးတာလည်း မဟုတ်ဘူး။ ဘုရား မပွင့်မီကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ပညာရပ်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင် ထင်ပေါ်ကျော်ကြားတဲ့ နက္ခတ်ပညာရှိအဖြစ် သုံးဘဝတိုင်တိုင် ပါရမီဖြည့်ပေးခဲ့ရတယ်။ဒီပညာရပ်တွေမှာ လူသားတွေက လူ့လောကထဲကို ရောက်လာတယ်ဆိုတဲ့ နေရာမှာ သူတို့ရဲ့ မွေးဖွားလာတဲ့အချိန်အရ ကောင်းကင်မှာ ရှိတဲ့ဂြိုလ်နက္ခတ်တွေအရ ဒီလူဟာ ဘယ်နေ့မှာ ဘာဖြစ်ရမယ်ဆိုတာကို ကွန်ပျူတာပရိုဂရမ် တစ်ခုလိုပဲ ရေးဆွဲပြဌာန်းပြီးသားပဲ။ ဆရာဝန်ဖြစ်ရမယ့်သူ ဆရာဝန်ဖြစ်မယ်။ သမ္မတဖြစ်ရမယ့်သူ သမ္မတ ဖြစ်မယ်။ အဲဒီမှာ လူတွေက ငါလုပ်မှ ငါဖြစ်မယ်ဆိုတဲ့ဟာကို တက်ကျမ်းတွေမှာ ဖော်ပြကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ နက္ခတ်ဗေဒပညာရပ်မှာ  ငါလုပ်တိုင်း ငါမဖြစ်ဘူး။ ဆရာဝန်မဖြစ်နိုင်တဲ့သူတစ်ယောက်က မိဘတွေက ငါ့သားရယ် ဆရာဝန်ဘွဲ့ရအောင် ယူပါဆိုတဲ့ အတွက်ကြောင့် ဆရာဝန်ဘွဲ့တော့ ယူလိုက်လိမ့်မယ်။ ဒါပေမယ့် သူ့ဇာတာမှာ သူစီးပွားရေးသမားဖြစ်မယ့် ဇာတာဆိုရင် သူ စီးပွားရေးသမားပဲ ဖြစ်သွားလိမ့်မယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ လူတွေ ဖန်တီးတာ ပုံဖော်တာ မှန်သော်ငြားလည်း ကံကြမ္မာကနေပဲ ဖြစ်ပေါ်လာဖို့ကို ပရိုဂရမ်ရေးဆွဲပေးထားတာ။   ရေးဆွဲပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်နိုင်ငံနဲ့ ပတ်သက်တဲ့ ဇာတာခွင်တွေ ဟောကိန်းထုတ်တဲ့နေရာမှာလည်း ဒီ ဥပဒေသတွေနဲ့ပဲ ဟောကိန်းထုတ်တယ်၊ ဒါကြီးကို ကျော်လွှားနိုင်ပါ့မလား။    ဒါကြိးက ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်ပါ့မလားဆိုတာကတော့ ဖြစ်တဲ့ဟာလည်း ရှိတယ် မဖြစ်တဲ့ဟာလည်းရှိတယ်။ သို့သော်ငြားလည်း ဒါကြီးဟာ မယုံကြည်သင့်ပါဘူး မစွဲလမ်းသင့်ပါဘူးဆိုပြီး ပစ်ပယ်သင့်တဲ့ ပညာရပ်လည်း မဟုတ်ဘူး။ လုံးဝအလုံးစုံ အကျိုးသက်ရောက်မှုရှိတဲ့အတွက်ကြောင့် ဒါကြီးကို အရမ်းကြီး ခိုင်ခိုင်မာမာကြီး လက်စွဲထားရတဲ့ဟာမျိုးလည်း ဟုတ်ဘူး။ ဒီနှစ်ခုကြားထဲမှာ မဇ္စျိမပဋိပဋာ စကားလုံးအတိုင်းပဲ ကိုယ်က ဒါတော့ ဖြစ်နိုင်တယ် ။ ဒါ ဖြစ်နိုင်တဲ့ဟာမှာ ဒီလိုမဖြစ်နိုင်အောင် ဘယ်လို ကာကွယ်တားဆီးမလဲ ။ ဘယ်လိုကျော်ဖြတ်မလဲ ဒါလေးတွေ ပြန်ချိန်ဆဖို့ လိုတယ်။ ဘာမှမသိဘဲ ဖြစ်သွားတယ်ဆိုတဲ့သူတွေက ဒီပညာရပ်ကို မယုံကြည်တဲ့သူတွေပေါ့။ အရမ်းချမ်းသာနေရာကနေ ချက်ချင်းကြီး  ဆင်းရဲသွားတယ် ။ လူအကောင်းကြီးကနေ ချက်ချင်း သေဆုံးသွားတယ်။ ယုံကြည်တဲ့သူကလည်း ဒါလေးတွေ ကြိုပြီးတွက်ချက်ထားတယ်ဆိုရင် စီးပွားပျက်မယ့်အချိန်မှာ သူ့ရဲ့ အသိဉာဏ်ထဲမှာ ငါတော့ စီးပွားပျက်မယ့် အချိန် ဘာလေးတွေ တော့ ကြိုတင်ပြင်ဆင်မယ်ဆိုတာမျိုးလေးတွေကြောင့် ကြိုပြီးလွတ်မြောက်သွားတာ မျိုးလေးတွေရှိတယ် နောက်  အသက်အန္တရာယ် ကြံုတွေ့တော့မယ့်အချိန်မှာ ကြိုသိတဲ့အတွက်ကြောင့် ပြင်ဆင်လိုက်တဲ့အတွက် လွတ်မြောက်သွားတာလေးတွေလည်း မှတ်တမ်းမှာ ကျွန်တော်တို့ အများကြီးရှိပါတယ်။ ဒီပညာရပ်ကတော့ လူ့လောကနယ်ပယ်မှာ အနာဂတ်ရှေ့ကို မျှော်ကြည့်တဲ့နေရာမှာ အကောင်းဆုံး တွေးခေါ်မျှော်မြင်စဉ်းစားကြည့်မြင် သိရှိနိုင်တဲ့ အဖိုးတန်တဲ့ ပညာရပ်တစ်ခုပေါ့။ အလုံးစုံတော့ ယုံကြည်ဖို့ မတိုက်တွန်းဘူး မသတ်မှတ်ဘူး ။ဒါပေအမယ့် လုံးဝမယုံကြည်သင့်ဘူးဆိုပြီးတော့လည်း ပစ်ပယ်ထားရမယ့် ပညာရပ်မဟုတ်ဘူး။

အပိုင်း (၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/35039

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly