၁၇ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ကျောင်းတံခါးတွေ ပြန်ဖွင့်လိုက်ပြီ

၁၇ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ကျောင်းတံခါးတွေ ပြန်ဖွင့်လိုက်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။            ။ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်မှ စက်မှုလက်မှုကျောင်းတစ်ကျောင်းဖြစ်သည့် အင်းစိန် GTI ကို လွန်ခဲ့သည့် ၁၇ နှစ်ကတည်းမှ တက္ကသိုလ်အဖြစ်မှ ပိတ်သိမ်းခံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

တစ်နည်းအားဖြင့် ၁၇ နှစ်ကြာ ပိတ်ထားခဲ့သော ကျောင်းတံခါးတွေ ပြန်ဖွင့်လိုက်ပြီဟု ပြော၍ ရသည်။  

သမိုင်းအစဉ်အလာရှိခဲ့ပြီး ပညာရှင်များကို မွေးထုတ်ပေးခဲ့သည့် အင်းစိန် GTI ကို ပြန်လည်ဖွင့်လှစ် လိုက်ပြီးနောက် ကျောင်းသားဟောင်းတချို့မှာ တက္ကသိုလ် ပြန်ဖွင့်သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး ကျောင်းကို ပြန်လည် လာရောက် ကြည့်ရှုနေကြသည်။

အင်းစိန် GTI တွင်  ၁၉၈၄ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း(EC)ဖြင့် တက်ရောက်ေ အာင်မြင်ခဲ့သူ ကိုမောင်စိုးက ကျောင်းကိုကျောင်းပဲ ဖြစ်စေချင်ပြီး ကျောင်းသားများ မွေးထုတ် ပေးစေချင်လိုကြောင်း ပြောသည်။

ထို့အပြင် ၄င်းတို့ခေတ်ကာလအခြေအနေကို “စည်ကားတာပေါ့ ကျောင်းသားတွေက အများကြီးဆိုတော့လေ။ အားလုံးက အဆောင်လည်း ပေးနေကြတယ်ဆိုတော့ ကောင်းပါတယ် ။ အဆောင်နေရတဲ့ ကျောင်းသားဘဝက ပျော်ရွှင်ဖို့ ကောင်းတယ်လေ။ ဒီမှာလည်းကျောင်းသားတွေကို အဆောင်နဲ့ ပေးနေစေချင်ပါတယ်။ အဆောင် နေရတဲ့ ကျောင်းသားဘဝလေး ပြန်ပြီးရစေချင်တယ် ။ ကိုယ်တို့တုန်းက ပျော်ခဲ့သလိုလေး” ဟု အင်းစိန် GTI ကျောင်းကို တက်ရောက်အောင်မြင်ခဲ့သူ ကိုမောင်စိုးက မဇ္စျိမကို ပြောသည်။

သမိုင်းအရိပ်တွေ သမိုင်းအတိတ်တွေကြားမှာ ဒီ ကျောင်းတံခါးတွေ ၀ုန်းခနဲ ပိတ်ခဲ့ကြသည်။ အာဏာရှင်ကို တော်လှန်ခဲ့ကြသည်။ နှစ်ကာလရှည်ကြာ စာသင်ခန်းတွေ တိတ်ဆိတ်ခဲ့သည်။ အခုတော့ ကျောင်းတံခါးတွေ ပြန်ဖွင့်လိုက်ပြီ ဖြစ်သည်။

အင်းစိန် GTI အတွက် နိုဝင်ဘာ၂၇ ရက်နေ့မှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီး လျှောက်ထားသူ ၂၄၀၄ ဦး ရှိခဲ့သည်။ ၄င်းတို့ထဲမှ ၁၉၁ ဦး ကျောင်းတက်ရောက်နေပြီး တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာနှင့် သချာင်္အမှတ် စုစုပေါင်းအနည်းဆုံး ၁၄၄ မှတ် ရရှိပါက လျှောက်ထားနိုင်သည်။

ကျောင်းတက်ရောက်နေသူ စုစုပေါင်း ၁၉၁ ဦးတွင် ကျောင်းသား ၁၆၃ ဦး၊ ကျောင်းသူ ၂၈ ဦး ရှိနေပြီး ကျောင်းတက်ချိန်ကို မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ပေးထားသည်။

“ဒီကျောင်းကြီးကို ပိတ်လိုက်ပြီးတော့ ဒီကျောင်းကြီးကကွာ နောက်ဆုံးတော့ လုံခြံုရေးတပ်ဖွဲ့ဝင်တွေ နေရာယူတာတို့၊ နောက် စည်ပင်သာယာက ယူသွားတာတို့ဆိုတော့ နောက ် အင်မတန်အစ်ကိုတို့အနေနဲ့ ကြည့်ပြီးတော့ တော်တော်ကြီးကို ဝမ်းနည်းစရာရှိတာပေါ့နော်။

အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းကြီးက နောက်ဆုံးတော့ ခြောက်ခြောက် သွေ့သွေ့ကြီး မြင်ရတော့ ဒီကျောင်းနားကို ဖြတ်သွားတိုင်း တစ်မျိုးကြီးပေါ့ ။ မကောင်းဘူးပေါ့နော်”ဟု ၁၉၈၇ ခုနှစ်တွင် အင်းစိန် GTI ကျောင်းမှ ဘွဲ့ရရှိခဲ့သူ ဦးထွန်းထွန်းဦးက ပြောသည်။

လက်ရှိအချိန်တွင် အင်းစိန် GTI ၌ အင်ဂျင်နီယာဘာသာရပ် ၅ မျိုးကို သင်ကြားပေးနေပြီး အီလက်ထရောနစ် အင်ဂျင်နီယာ သင်တန်း(EC)တွင် ကျောင်းသား ၂၆ ဦး၊ ကျောင်းသူ ရ ဦး ပါဝင်နေပြီး စက်မှုလုပ်ငန်း အင်ဂျင်နီယာ (IE)တွင် ကျောင်းသား ၃၅ ဦး၊ ကျောင်းသူ ၅ ဦး ရှိနေသည်။

စက်မှုအင်ဂျင်နီယာသင်တန်း(Mech)တွင်လည်း ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၃ ဦးရှိနေပြီး မြို့ပြအင်ဂျင်နီယာသင်တန်း(Civil)တွင် ကျောင်းသား ၃၁ ဦး၊ ကျောင်းသူ ၉ ဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်း(EP)၌ ကျောင်းသား ၃၁ ဦး၊ ကျောင်းသူ ၄ ဦး တက်ရောက်သင်ကြားနေကြသည်။ အင်းစိန် GTI အပြင် ရန်ကုန်တက္ကသိုလ်၊ ကြို့ကုန်း RIT တို့ကိုလည်း ယခုလအတွင်း၌ပင် အစိုးရမှ ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required