ဗြိတိန်နဲ့ အီးယူတို့အကြား Brexit ဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်တစ်ရပ် ရရှိ

ဗြိတိန်နဲ့ အီးယူတို့အကြား Brexit ဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်တစ်ရပ် ရရှိ

ဒီဇင်ဘာ ၈ ။              ။ ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်မှု Brexit နဲ့ပတ်သက်တဲ့ သမိုင်းဝင် သဘောတူညီချက်တစ်ခုကို ဗြိတိန်နဲ့ အီးယူတို့အကြား ရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ယင်းအတွက်ကြောင့်လည်း လက်ရှိ ကြန့်ကြာနေတဲ့ Brexit နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ နောက်တဆင့်ကို ဆက်တက်သွားစေခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ယခုရရှိခဲ့တဲ့ သဘောတူညီချက်နဲ့အတူ အီးယူနဲ့ ဗြိတိန်တို့အနေနဲ့ နှစ်ဘက် ပြတ်စဲမှုအပြီး အနာဂတ်မှာ ကုန်သွယ်မှုပိုင်းမှာ ဘယ်လို ပုံစံနဲ့ ဆက်လက် ဆက်ဆံသွားနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဟာဆိုရင် အီးယူနဲ့အကြား ဆွေးနွေးမှုတွေလုပ်ဖို့အတွက် ဘရက်ဆဲလ်မြို့ကို အားချင်း သွားရောက်ခဲ့တာဖြစ်ပြီး ယခုအခါ ဥရောပကော်မရှင် ဥက္ကဌ Jean-Claude Juncker နဲ့အတူ ယခုသဘောတူညီချက်ကို ထုတ်ပြန်နိုင်ခဲဲ့့တာဖြစ်ပါတယ်။

နှစ်ဘက် ဆွေးနွေးညှိနှိုင်းမှုတွေကို လမ်းလွဲသွားစေအောင် ခြိမ်းခြောက်နေတဲ့ အိုင်ယာလန်နယ်စပ်ပြဿနာလိုမျိုး အထိမခံတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ယခုအခါ နှစ်ဘက်အကြား သဘောတူလိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။

ယခုသဘောတူညီချက်နဲ့အတူ အီးယူခေါင်းဆောင်တွေအနေနဲ့ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်တို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးအတွင်း Brexit ဆိုင်ရာ ဒုတိယအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။

ယခုလို အဓိကကျတဲ့ အခက်အခဲအတားအဆီးကို ကျော်လွှားလိုက်နိုင်ခဲ့ပြီ ဆိုပေမယ့်လည်း ရှေ့မှာတော့ ပိုမိုခက်ခဲမှုတွေက အသင့်စောင့်ကြိုနေလျက်ရှိကြောင်း အီးယူ ဥက္ကဌ Donald Tusk က သတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required