Fantastic Beasts ဇာတ်ကားများ၌ ဂျွန်နေးဒပ်ပါ၀င်သရုပ်ဆောင်မှုနှင့် ပတ်သက်၍ ဂျေကေရိုးလင်းကျေနပ်

Fantastic Beasts ဇာတ်ကားများ၌ ဂျွန်နေးဒပ်ပါ၀င်သရုပ်ဆောင်မှုနှင့် ပတ်သက်၍ ဂျေကေရိုးလင်းကျေနပ်

သတင်းစာများ၌ နာမည်ကျော်ဟောလိ၀ုဒ်မင်းသား ဂျွန်နေးဒပ်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးဖော်ပြနေကြ သော်လည်း ဟယ်ရီပေါ်တာဝတ္ထုစာအုပ်များ၏ စာရေးဆရာမဖြစ်သူ ဂျေကေရိုးလင်းကမူ သူမသည် Fantastic Beasts ဇာတ်ကားများ၌ ဂျွန်နေးဒပ်ပါ၀င်သရုပ်ဆောင်မှုနှင့် ပတ်သက်၍ အလွန်ကိုကျေနပ်ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

ဇနီးဟောင်းဖြစ်သူ အမ်ဘာဟာ့ဒ်ကို အိမ်တွင်းအကြမ်းဖက်ခဲ့သည်ဟု စွပ်စွဲခံထားခဲ့ရသည့် ဂျွန်နေးဒပ်အား ယင်းဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားများ၌ ပြန်လည်ထည့်သွင်းအသုံးပြုရန် သင့်မသင့်ကိုမူ သေချာ စဉ်းစားခဲ့ဖူးကြောင်း ဂျေကေရိုးလင်းက ၀န်ခံခဲ့သည်။ ဂျွန်နေးဒပ်သည် အဆိုပါစွပ်စွဲချက်များအားလုံးကို ငြင်းဆန်ပယ်ချထားသည်။

သတင်းစာများက အမျိုးမျိုးဖော်ပြနေသော်လည်း ယခုအခါတွင်သူမသည် ဂျွန်နေးဒပ်အား ဂယ်လာ့တ်ဂရင်ဒီ ၀ဲလ် ဇာတ်ကောင်နေရာ၌ ပါ၀င်သရုပ်ဆောင်ခြင်းကို ကျေနပ်မိကြောင်း ယခုလိုပြောဆိုခဲ့သည်။

“ဂျွန်နေးဒပ်ရဲ့ဇာတ်ကောင်က ဂရင်ဒီဝဲလ်နေရာကဖြစ်ပြီး သူဟာဒီဇာတ်ကောင်နဲ့ အရမ်းကိုလိုက်ဖက်ပြီး ချီးကျူး လောက်စရာဖြစ်နေမယ်လို့ ကျမတွေးမိပါတယ်။ ဒါပေမယ့် ဒီ Fantastic Beasts ဇာတ်လမ်းရဲ့ ပထမဦးဆုံး ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်နေရာကနေ သူစတင်သရုပ်ဆောင်စဉ်က ထွက်ပေါ်လာတဲ့သတင်းတွေ ကတော့ ကျမနဲ့ ဒီဇာတ်ကားထဲမှာပါတဲ့သူအားလုံးကို စိုးရိမ်ပူပန်မိစေပါတယ်” ဟု ဂျေကေရိုးလင်းက ပြောကြား ခဲ့သည်။

Fantastic Beasts and Where to Find Them ဇာတ်ကားကို ပြီးခဲ့သော ၂၀၁၆ ခုနှစ်က စတင်ထွက်ရှိခဲ့ပြီး ထိုဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားကို လာမည့်နှစ်တွင်ပြသသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required