ထာဝရအမေ ရုပ်ရှင်ဇာတ်ကား မှ အဓိက သရုပ်ဆောင် ၃ ဦး ပရိသတ် နှင့် တွေ့ဆုံမည်

ထာဝရအမေ ရုပ်ရှင်ဇာတ်ကား မှ အဓိက သရုပ်ဆောင် ၃ ဦး ပရိသတ် နှင့် တွေ့ဆုံမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။            ။ ရုံတင် ပြသနေပြီ ဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကားတွင် အဓိက ပါ၀င်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ၃ ဦးက ပရိသတ်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုး ပေးသွားမည် ဖြစ်သည်။

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူး ထားသည့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို မန္တလေးမြို့ နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ရ ရက်၌ ရန်ကုန်မြို့၊ Junction City ရှိ JCV ရုပ်ရှင်ရုံ တွင် ထပ်မံ ကျင်းပပြုလုပ်ခဲ့ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်၊ ပန်းချီစိုးမိုး၊ သရုပ်ဆောင် နေတိုး၊ မေသန်းနု၊ ၀တ်မှုန်ရွှေရည်၊ လိုင်လာခမ်း နှင့် ခရစ္စတီးနား တို့က တက်ရောက်ခဲ့ပြီး ပရိတ်သတ်များနှင့်တွေ့ဆုံခဲ့သည်။

ရုံမတင်ခင် ပရိသတ် စိတ်ဝင်စားခဲ့ပြီး ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ ရိုက်ကူးထားသည့် နိုင်ငံတကာ အဆင့်မီ ထာဝရအမေ ရုပ်ရှင်ဇာတ်ကား ကို ဒီဇင်ဘာ ၈ ရက်မှ စတင်ပြီး ရုပ်ရှင်ရုံ ၆၃ ရုံတွင် တစ်ပြိုင်တည်း စတင်ပြသနေပြီ ဖြစ်သည်။

အဓိက ပါ၀င်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ၃ ဦးဖြစ်သည့် သရုပ်ဆောင် မေသန်းနု က ဒီဇင်ဘာ ၉ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ ပရိသတ်နှင့် တွေ့ဆုံမည် ဖြစ်ပြီး ၊ ဒီဇင်ဘာ ၁၀ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ ထပ်ဆင့်အကယ်ဒမီ နေတိုးက ပရိသတ်နှင့် တွေ့ဆုံမည် ဖြစ်ကာ ၊ ဒီဇင်ဘာ ၁၁ရက် နှင့် ၁၂ရက်တွင် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် မှ JCGV Junction City တွင် ပရိသတ် နှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

ထိုဇာတ်ကားကို ၀တ္ထု ဒေါက်တာ ခင်မောင်ဝင်း ၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားပြီး ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီများ ဖြစ်ကြသည့် သရုပ်ဆောင် နေတိုး ၊ ၀တ်မှံုရွေရည် ၊ ရဲအောင် ၊ မေသန်းနု တို့က  အဓိကပါ၀င်သရုပ်ဆောင် ထားကြသည်။

ထို ရုပ်ရှင်ဇာတ်ကားသည် နိုင်ငံတကာအဆင့်မီ ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ကျပ်သိန်းပေါင်း များစွာ အကုန်ကျခံ ရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင် နှင့် ထပ်ဆင့်အကယ်ဒမီ မေသန်းနု တို့၏ သားဖြစ်သူ မင်းသန့်မောင်မောင်က တွဲဖက် ဒါရိုက်တာအဖြစ် ပါ၀င် အားဖြည့်ထားပြီး ၎င်းတို့ ၃ဦး၏ ( ၁၂ ) နှစ် အကြာမှ ပြန်လက်တွဲ ရိုက်ကူးဖြစ်ခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။

နိုင်ငံတကာ အဆင့်မီ အင်္ဂလိပ်စာတန်းထိုး ရိုက်ကူးထားသည့် အတွက် မြန်မာနိုင်ငံ အပြင် စင်္ကာပူနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ အမေရိကန်နိုင်ငံရှိ LA ၊ နယူးယောက် ၊ ဆန်ဖရန်စစ္စကို မြို့များ နှင့် လန်ဒန် ၊ အိန္ဒိယနိုင်ငံ တို့တွင်လည်း ပြသရန် စီစဉ် ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly