ဗြိတိန်ဂုဏ်ထူးဆောင်ဆုကို ချားလ်မင်းသားထံမှ လက်ခံရရှိခဲ့သည့် ပေါ့ပ်ကြယ်ပွင့်အက်ဒ်ရှီရန်း

ဗြိတိန်ဂုဏ်ထူးဆောင်ဆုကို ချားလ်မင်းသားထံမှ လက်ခံရရှိခဲ့သည့် ပေါ့ပ်ကြယ်ပွင့်အက်ဒ်ရှီရန်း

ဂရမ်မီဆုများရှင် နာမည်ကျော်ပေါ့ပ်အဆိုတော် အက်ဒ်ရှီရန်းသည် ဂီတလောကအပေါ် သူ၏ဆောင်ရွက်မှုများ နှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့မှုအတွက် သူ့အား ချားလ်မင်းသားက ဗြိတိသျှအင်ပါယာသင်္ဂဟဘွဲ့ (MBE) ကို ဘတ်ကင်ဟမ်နန်းတော်၌ ကြာသာပတေးနေ့က ချီးမြှင့်ခဲ့သည်။

Shape of You သီချင်း၏ အဆိုရှင်ဖြစ်သူ အသက် ၂၆နှစ်အရွယ် အက်ဒ်ရှီရန်းသည် ၂၀၁၇ ခုနှစ်အတွက် အင်တာနက်မှသီချင်းအများဆုံး ထုတ်လွှင့်ရသူတစ်ဦးဖြစ်ကြောင်း Spotify ၏အဆိုအရသိရပြီး သူ၏နောက်ဆုံး ထွက်ရှိထားသည့် Divide အယ်လ်ဘမ်သည်လည်း အမေရိကန်အယ်လ်ဘမ်ဇယားများ၌ ထိပ်ဆုံးမှရပ်တည်နိုင် ခဲ့သည်။

အက်ဒ်ရှီရန်းသည် သူ၏အောင်မြင်မှုကိုအသုံးချ၍ ကလေးသူငယ်များ နာတာရှည်ဆေးရုံ၊ ဆင်းရဲမွဲတေမှုပ ပျောက်ရေး ရန်ပုံငွေရှာဖွေပွဲနှင့် AIDS ရောဂါကာကွယ်စောင့်ရှက်ရေး လုပ်ငန်းများအပါအဝင် ပရိဟိတလုပ်ငန်း များစွာကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ဂုဏ်ပြုဆုပေးပွဲပြီးနောက်တွင် အက်ဒ်က သတင်းထောက်များအား ဂုဏ်ထူးဆောင်ဆုရရှိခြင်းအတွက် ကွယ်လွန်သွားပြီဖြစ်သော သူ၏အဖိုးဖြစ်သူ ဂုဏ်ယူနေလိမ့်မည်ဟု ပြောကြားခဲ့သည်။

“ကျနော့်ရဲ့အဖိုးဟာ တော်ဝင်မိသားစုကို အကြီးအကျယ်ထောက်ခံသူတစ်ဦးဖြစ်ပါတယ်။ သူ့ဆီမှာ အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုထားတဲ့ ပန်းကန်ပြားတွေနဲ့ ပစ္စည်းမျိုးစုံရှိခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့လေးနှစ်က ဒီလိုနေ့မျိုးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဖိုးဖြစ်သူက ကျနော့်အတွက် အရမ်းကိုဂုဏ်ယူနေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု အက်ဒ်ရှီရန်းက ပြောကြားခဲ့သည်။

 Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required