အမေရိကန် ၏ဝေဟင်ကြီးစိုးမှုကို တရုတ်က ချေဖျက်ပစ်နိုင်စွမ်းရှိနေ

အမေရိကန် ၏ဝေဟင်ကြီးစိုးမှုကို တရုတ်က ချေဖျက်ပစ်နိုင်စွမ်းရှိနေ

တရုတ်နိုင်ငံ၏ ဒုံးကျည်စီမံကိန်း ဖွံ့ဖြိုးမှုလုပ်ဆောင်ချက်များက အမေရိကန်၏ ဝေဟင်အင်အားဖြစ်သော လေတပ်စွမ်းရည်ကို ဖျက်ဆီးပစ်နိုင်လာလိမ့်မည်ဟု အမေရိကန်ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ ဥက္ကဌဟောင်းက ပြောသည်။

တရုတ်တို့၏ စစ်ရေးစွမ်းဆောင်နိုင်ရည်များက တိုးတက်ကြီးထွားလာနေပြီဖြစ်ကြောင်း သြဂုတ် ၁၉ ရက်က မိန့်ခွန်းပြောကြားရာ၌ လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ထရေးအိုဘာရင်းက သတိပေးပြောကြား ခဲ့ခြင်းဖြစ်သည်။

”တရုတ်က အမေရိကန်ကို စိန်ခေါ်နေပြီလို့ ကျွန်တော် တွက်တယ်။ အထူးသဖြင့် အမေရိကန်ရဲ့ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်စောင့်ကြည့်ရေး ISR မဟာဗျူဟာ၊ စွမ်းအင်အရင်း အမြစ်နဲ့ ဒုံးကျည်စီမံကိန်းများနှင့်အတူ နည်းပညာတိုးတက်မှုများကို ပစ်မှတ်ထားနေတယ်။”ဟု ဝါရှင်တန်ရှိ ဟူဆန်သက်မွေးသိပ္ပံကျောင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်က တရုတ်စစ်တပ်က ဂြိုဟ်တုဖျက်ဒုံးကျည်နှင့်အတူ ကမ္ဘာ့ပတ်လမ်းဂြိုဟ်တုများကို ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်အား ပြသခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံက အမေရိကန်၏ အာကာသဝေဟင် တွင်ဖြန့်ကြက်ထားသော နည်းပညာစနစ်များက ဖျက်ဆီးနိုင်စွမ်းရထားပြီးဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required