ရီးယဲလ်တွင် ကစားသမားဘဝကုန်ဆုံးချိန်အထိ ကစားသွားလိုကြောင်း စီရော်နယ်ဒိုပြော

ရီးယဲလ်တွင် ကစားသမားဘဝကုန်ဆုံးချိန်အထိ ကစားသွားလိုကြောင်း စီရော်နယ်ဒိုပြော

ဒီဇင်ဘာ ၈၊ ပြင်သစ်။             ။ 2017 Ballon d’Or ဆုကို ရရှိပြီးနောက်တွင် စီရော်နယ်ဒိုက ရီးယဲလ်အသင်းတွင် ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ကစားသွားလိုကြောင်း ပြောဆိုလိုက်သည်။

“ထိပ်တန်းအဆင့်မှာ အကောင်းဆုံးပုံစံနဲ့နောက်နှစ်အနည်းငယ်အထိ ဆက်ကစားဦးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်နဲ့မက်ဆီတို့ဟာ ကျွန်တော်တို့ကိုယ်စားပြုကစားရတဲ့ အသင်းတွေအတွက် အကောင်းဆုံးကစားပေးနေကြတာပါ။ ဒါကြောင့် မက်ဆီနဲ့ဆက်ပြီး ယှဉ်ပြိုင်ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

လက်ရှိမှာ ကျွန်တော့်ရဲ့ကြံ့ခိုင်မှုက ကောင်းသလို ခံစားရတဲ့ ခံစားချက်ကလည်း ကောင်းပါတယ်။ ရီးယဲလ်မှာလည်း ကျွန်တော်ပျော်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ရီးယဲလ်အသင်းမှာပဲ ကစားသွားချင်ပါတယ်” ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

Ballon d’Or ဆုပေးပွဲမတိုင်ခင်က ရီးယဲလ်အသင်းမှာ နေမာကို ခေါ်ယူလိုသည့်အတွက် စီရော်နယ်ဒိုကို ပီအက်စ်ဂျီအသင်းနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ နေမာကလည်း စီရော်နယ်ဒိုကို ရောင်းချမှ ရီးယဲလ်သို့ လာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required