ဖီဖာ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အာဆီယံနို်င်ငံများမှ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပြုလုပ်နိုင်ရေး AFF ဆွေးနွေး

ဖီဖာ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အာဆီယံနို်င်ငံများမှ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပြုလုပ်နိုင်ရေး AFF ဆွေးနွေး
(ဓာတ်ပုံ - MFF)

ဒီဇင်ဘာ ရ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ၁၃ ကြိမ်မြောက် ကောင်စီအစည်းအဝေးမှာ ဖီဖာ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အာဆီယံနို်င်ငံများမှ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပြုလုပ်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးပွဲကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါကောင်စီအစည်းအဝေးမှာ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) အပါအဝင် အမျိုးသား အမျိုးသမီး သက်တမ်းလိုက် ပြိုင်ပွဲများ၊ လူငယ်စီမံကိန်းများ၊ ဖီဖာ ကမ္ဘာ့အဆင့် ပြိုင်ပွဲများကို အာဆီယံနို်င်ငံများမှ အတူတကွ အိမ်ရှင်ကျင်းပပြုလုပ်ရေး ကိစ္စများအား အတူတကွ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ MFF က ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required